Friday, May 11, 2012

မန္တလးမြို့ စည်ပင်သာယာမှ တဖက်သက်လုပ်ဆောင်နေခြင်း

မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့  အောင်မြေသာစံမြို့ နယ် သိရီမာလာအရှေ့
ရပ်ကွက် သီရိမန္တလာ ကားကြီးကွင်းတောင်ဖက်ရှိ အရှေ့အနောက်စီးဆင်းနေသော
ရေကြည်မြောင်းအား ယနေ့ ( ၁၁.၅ ၂၀၁၂ )တွင် စည်ပင်သာယာမှ ရေကြည်
ရေမြောင်းအတွင်း အမှိုက်များကို ဆယ်ယူရာတွင် မြောင်းတောင်ဖက်ကပ်လျှက်
အပိုင်းကိုသာ တဖက်သတ် စက်များဖြင့် ဝင်ရောက်ဆယ်ယူနေသောကြောင့်
မြောင်းတောင်ဖက်အပိုင်းတွင်နေထိုင်သောလူနေအိမ်များမှအဆောက်အဦးများ
ဖယ်ရှားဖျတ်ဆီးပေးနေရပါသည်။

  ရေမြောင်း မြောက်ဖက်ခြမ်းမှအဆောက်အဦးများသည် မှုလအတိုင်းတည်ရှိနေပြီး
စည်ပင်သာယာမှအရေးယူဆောင်ရွက်ခြင်းလုံးဝမရှိနေသည့်တွေ့ မြင်နေရပါသည်၊
စည်ပင်သာယာလုပ်ဆောင်ချက်များသည် တဖက်သတ်ဆောင်ရွက်နေကြောင့်ကိုလည်း
သက်ဆိုင်ရာစည်ပင်သာယာသို့  မှတ်တမ်းဓါတ်ပုံများနဲ့ တင်ပြသော်လည်း
လစ်လျှုရှု နေပါကြောင်း ရပ်နေပြည်သူများက Myanmar News Now ကို
ပြောပြပါသည်။
မေလ(၁၁)ရက်နေ့  ၂၀၁၂ ယ္ခုထပ်မံလုပ်ဆောင်ချက်များကို မှတ်တမ်းဓါတ်ပုံများနဲ့ တင်ပြအပ်ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။