Friday, May 11, 2012

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် လုံခြုံရေးရှိနေခြင်းမှာ တောင်ကိုရီးယားသမ္မတ ခရီးစဉ်အတွက်ဖြစ်

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် လုံခြုံရေး တစ်ရာကျော် ရှိနေရခြင်းမှာ တောင်ကိုရီးယားသမ္မတ ၏ မြန်မာနိုင်ငံခရီးစဉ်တွင် လုံခြုံရေးအပြည့်အ၀ရရှိစေရန် အတွက် ၀တ်စုံပြည့်ဖြင့်လေ့ကျင့်နေခြင်းသာဖြစ်ကြောင်း လုံခြုံရေးခေါင်းဆောင် တစ်ဦးက အတည်ပြုပြောကြားသည်။
တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်သည် နိုင်ငံတော်သမ္မတအပါအ၀င် ဒေါ်အောင်ဆန်းစုကြည် နှင့် ပါလာရောက်တွေ့စုံမည်ဖြစ်သောကြောင့် ယင်းကဲ့သို့ လေ့ကျင့်ခြင်းဖြစ်ပြီး ရန်ကုန် တစ်မြို့လုံးတွင်ပါ ယင်းကဲ့သို့လေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။
Messenger News Journal

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။