ကြားဖြတ်ရွေးကောက်ပွဲတွင်
ဆန္ဒမဲလက်မှတ်များ ခြစ်မရသော ဖြစ်ရပ်များမှာ စာရွက်ညံ့ဖျင်းမှုကြောင့်
ဖြစ်ကြောင်း (၈၈)မျိုးဆက်ကျောင်းသားများရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့က
သုံးသပ်သည်။
“ဖယောင်းသုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး သက်သေအခိုင်အမာ မပြနိုင်တဲ့အတွက် စာရွက်ညံ့ဖျင်းမှုလို့ပဲသုံးသပ် ပါတယ်”ဟု ၈၈မျိုးဆက်ကျောင်းသူတစ်ဦးဖြစ်သူမမီးမီးက ပြောသည်။
၂၀၁၂ခုနှစ် မတ်လအတွင်းက ဖွဲ့စည်းခဲ့သော(၈၈)မျိုးဆက်ကျောင်းသားများရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့အနေဖြင့် လက်ရှိအချိန်တွင် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ချက်များအား ပြည်သူထံသို့ နောက်ဆုံးအနေဖြင့်ပြန်လည်တင်ပြနိုင်ရန် အတွက် စီစစ်နေကြောင်း သိရှိရသည်။
“ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့က လေ့လာခဲ့တဲ့အမှုတွေကို အကြမ်းဖျင်းသတင်းစာရှင်းလင်းပွဲတော့ လုပ်ပြီးပါပြီ၊ မကြာမီရက်ပိုင်းမှာပဲ သေချာအချောသတ်ထုတ်လုပ်နိုင်ဖို့ စီစဉ်နေပါတယ်”ဟု ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၊ ပြန်ကြားရေးမှ မမီးမီး ကဆက်လက်ပြောဆိုသည်။
အဆိုပါ ရွေးကောက်ပွဲအစီရင်ခံစာအမှတ်(၁)အား(၈၈)မျိုးဆက်ကျောင်းသားများရွေးကောက်ပွဲ စောင့်ကြည့် ရေးအဖွဲ့က
ရွေးကောက်ပွဲအပြီး တစ်ပတ်အကြာတွင် ထုတ်ပြန်ခဲ့သလို၊သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့အနေဖြင့်အနယ်အနယ်အရပ်ရပ်သို့လှည့်လည်၍ ရွေးကောက်ပွဲ ကော်မရှင်များနှင့်
နိုင်ငံရေးပါတီများသို့သွားရောက်ကာ မေးမြန်းပြောဆိုမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
“နောက်ဆုံးရီပို့ထွက်နိုင်ဖို့အတွက် အနယ်အရပ်ရပ်ကိုဆင်းပြီးတော့ ကော်မရှင်တွေ၊ ပါတီတွေကို တိုက်ရိုက် အင်တာဗျူးတွေ လုပ်ခဲ့တယ်”ဟု(၈၈)မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်သူ ကိုဘောင်းဘောင်းက ပြောသည်

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။