ကော့မှူးမြို့နယ် ရပ်ကွက်အချို့တွင် ဒီချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေးပါတီများက ရေလှူဒါန်းခြင်း များရှိသော်လည်း မြို့သစ်ရပ်ကွက်တွင် ရေလိုအပ်ချက်များရှိနေသေးကြောင်း သိရှိရသည်။
“ကော့မှူးမြို့ပေါ်ဘက်ကို အန်အယ်လ်ဒီကရော ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးေ
ကျွန်တော်တို့ မြို့သစ်ဘက်ကိုတော့ ရောက်မလာဘူး” ဟု ကိုခင်မောင်ဦးကပြောသည်။
မြို့သစ်ရပ်ကွက်တွင် သောက်သုံးရေကန် သုံးကန်ရှိပြီး ထန်းတပင်ကန်နှင့် ဆေးရုံကန်များမှာ ခမ်းခြောက် သွားခြင်းကြောင့် ကျန်ရေကန်တစ်ကန်မှ ရေများကို စုပေါင်းသုံးစွဲနေရပြီး မည်သည့်အချိန်တွင် ခမ်းခြောက် မည်ကို စိုးရိမ်နေကြကြောင်း ဒေသခံတို့ကဆိုသည်။
“ မနှစ်ကဆို ဒီအချိန် မခမ်းသေးဘူး ဒါစောတာ ဒီရေကန်ကခမ်းတော့ တခြားရေကန်ရှိသေးတယ် အဲ့ဒီ ကန် ကနေပြီးတော့ ခမ်းရောင်းတဲ့ သူဆီကနေ ရေတိုင်ကီတစ်စည်ကို ခြောက်ရာ ပေးပြီး ၀ယ်သုံးရတယ်၊ ကျွန်တော် တို့တစ်ရက်ဆိုရင် နှစ်စည်ပေါ့ ထောင့်နှစ်ရာ နီးပါးလောက်ကုန်တယ် “ ဟု မြို့သစ်ရပ်ကွက်ရှိ မိဘဂုဏ်ရောင် ဆန်စက်လုပ်ငန်းတွင် လုပ်ကိုင်နေသူ
ကိုခင်မောင်ဦးက ပြောသည်။
ကော့မှူးမြို့နယ်ဒေသခံအချို့မှာ ၀ယ်ယူမသုံးစွဲနိုင်ခြင်းကြောင့် (၂)မိုင်ခန့် ဝေးသော ရေကန်သို့ သွားရောက်၍ ခပ်ယူသုံးစွဲရကြောင်း သိရှိရသည်။
“နွေရာသီ ရေရှားတာ ဘာမှမထူးပေမဲ့ အခုက မနှစ်ကထက် စောပြီးရေခမ်းတာ ကျွန်မတို့ဆို ရေမ၀ယ်နိုင်ဘူး အရင်က ဆေးရုံကန်ဘက်ကနေ ခပ်သုံးနေတာ အခု ၂မိုင်လောက်ဝေးတဲ့ရေကန်ကနေ သွားခပ်ရတယ်” ဟု မြို့သစ်ရပ်ကွက်နေ
ဒေသခံတစ်ဦးက ပြောသည်။
ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက်တွင် အိမ်ထောင်စု(၇၀၀)ကျော်ရှိပြီး ထန်းတပင်ရေကန်နှင့် ဆေးရုံရေကန်ကို သောက်သုံးနေသော အိမ်ထောင်စု ၃၅၀ ခန့်ရှိကြောင်း သိရှိရသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။