Friday, May 11, 2012

ရုပ်ရှင်ဆန်ဆန်ပြိုင်ကားတိမ်းမှောက်မှု ဖြစ်ရပ်တစ်ခုနေပြည်တော်ကောင်စီ တွင်ဖြစ်ပွား

တိမ်းမှောက်သွားတဲ့ကားမှ အမှတ်တံဆိပ် (ဓါတ်ပုံ-ပေါ်ပြူလာဂျာနယ်)
ရုပ်ရှင်ဆန်ဆန်ပြိုင်ကားတိမ်းမှောက်မှု ဖြစ်ရပ်တစ်ခုနေပြည်တော်ကောင်စီ
နယ်မြေပုဗ္ဗသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ် နယ်နိမိတ်အစပ်၊ရာဇဌာနီ
လမ်းမပေါ်၌ မေလ ( ၉ )ရက်နေ့ ည ၁၀ နာရီ ၄၅မိနစ်ခန့်တွင်ဖြစ်ပွား
ခဲ့သည်ဟုသတင်းရရှိသည်။
ပြိုင်ကားမှာ အမဲရောင်ဖြစ်ပြီးBMWတံဆိပ်ဖြစ်
သည်။ကားသည်ရာဇဌာနီလမ်းမအလယ်ရှိလမ်းလယ်ကျွန်းကိုအရှိန်ပြင်းစွာ
တိုက်ခဲ့ပြီး၎င်းလမ်းလယ်ကျွန်းမှ ကိုက် ၈၀ (ပေ ၂၄၀ )အကွာသို့လွင့်စင်
ပြုတ်ကျသွားသည်ဟု သိရသည်။“ကားကျတာနှင့်တစ်ပြိုက်နက်မီးတွေထ
လောင်တယ်၊ပေါက်ကွဲသံတွေလည်းကြားရတယ်၊ကားမောင်းတဲ့ သူကငယ်
ငယ်လေးပဲရှိသေးတယ်။အသက် ၂၅ နှစ်အရက်စော်နံနေတယ်လို့လည်း
သိရတယ်။ယာဉ်မောင်းသူ က နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်။
  ည ၁၀ နာရီ ၅၅ မိနစ် မှာမီးသတ်ကားတွေ ရောက်လာပြီး မီးငြိမ်းသတ်လိုက်
တယ်” ဟုမျက်မြင်သက်သေတစ်ဦး ကပြောပြသည်။ ထိုကဲ့သို့မော်တော်
ယာဉ်တိမ်းမှောက်မီးလောင်မှုသည် ယခင်ကဖြစ်ပွားခဲ့သော်လည်း ပြိုင်ကား
တိမ်းမှောက် မီးလောင်မှု မှာမရှိခဲ့ဘူးသေးကြောင်းသတင်းရရှိသည်။
Popular Myanmar News Journal 
တိမ်းမှောက်သွားတဲ့ ပြိုင်းကား (ဓါတ်ပုံ-ပေါ်ပြူလာဂျာနယ်)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။