Wednesday, May 9, 2012

ဆေးကုသပေးရန်ငြင်းဆန်ပြီးနောက် ကျန်းမာရေး ၀န်ထမ်း သေနတ်ပစ်ခံရ

မေလ ၈ ရက်၊ ၂၀၁၂ ခုနှစ်-ဆိုင်းဆွတ် (YPI)

ယနေ့ မနက် ၈နာရီခန့် က ကချင်ပြည်နယ် ဆားမှော် အနောက်ဘက် ကျွန်းသုံးလုံးကျေးရွာ က NGO ၀န်ထမ်းတစ်ဦးကို ကေအိုင်အို တပ်ဖွဲ့မှဟု ယူဆရသော သေနတ်သမားနှစ်ဦး က သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ၎င်း၏ မိသားစုက ပြောသည်။

 ငှက်ဖျားတိုက်ဖျက်ရေး အန်ဂျီအို ၀န်ထမ်း တစ်ဦးဖြစ်သည့် ကိုဇော်မိုးနိုင် ကို ကျွန်းသုံးလုံးကျေးရွာမှ မိုးကောင်းမြို့ အသွားတွင် အသက် ၂၀ ၀န်းကျင် အရပ်ဝတ် လူနှစ်ဦးက သေနတ်ဖြင့် ၅ချက် ပစ်ခတ်သွားကြောင်း ကိုဇော်မိုး ဖခင်ဖြစ်သူက YPI  ပြောသည်။

“သားကြီးကို အရပ်ဝတ်နဲ့လူနစ်ယောက်က ဆိုင်ကယ် တစ်ယောက်တစ်စီးနဲ့ သေနတ်လည်း တစ်ယောက်တလက်ကိုင်ပြီး သူကို ပစ်သွားတာ ကျွန်တော်ရှေ့မှာ ဒီလူနှစ်ယောက်ကို တွေ့လိုက်သေးတယ် ဆိုင်ကယ်အရမ်းမောင်းသွားတာ” ဟု ၎င်းကပြောသည်။

ကေအိုင်အို အဖွဲ့ဟု ယူဆရသော လက်နက်ကိုင်နှစ်ဦးက လွန်ခဲ့သည် ၃ရက် ခန့်က ကိုဇော်မိုးနိုင်အား ဖျားနားသူ တစ်ယောက် ကို ဆေးလာကုပေးရန် တောင်းဆိုခဲ့သော်လည်း ကိုဇော်မိုးနိုင် အနေဖြင့် ဖမ်းဆီးထားမည်ကိုစိုးရိမ်သဖြင့် သွားရောက်ကုသပေးရန်ငြင်းဆိုခဲ့သည်ဟု ဖခင်ဖြစ်သူက ပြောသည်။

“လွန်ခဲ့တဲ့ ၃ ရက်လောက်ကတော့ သားကြီးကို ဆေးလာကုပေးဖို့ခေါ်တယ် သူကလည်း မအားဘူးလို့ပြောပြီး မသွားတာ သူကိုဖမ်းထားမည်ဆိုတာ သိလို့ မသွားတော့ အခုလိုဖြစ်တယ်လို့ထင်ပါတယ်” ဟု ဖခင်ဖြစ်သူက ပြောသည်။
လည်ပင်း ရင်ဘတ်နှင့် ပေါင်များတွင် ကျဉ်ဆံမှန်ထားသည့် ကိုဇော်မိုးနိုင်မှာ ယခုလောလောဆယ် မြစ်ကြီးနားဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိသည်။ ၎င်းသည် ယခင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းတွင်  စည်းရုံးရေးမှူး တစ်ဦးဖြစ်ခဲ့သည်။           ။
Yangon Press International

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။