Wednesday, May 9, 2012

သြဇီရောက် NLD အမတ်များ မြန်မာသံအမတ်နှင့် တွေ့ဆုံ

NLD အမတ်များ
သြစတြေးလျနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် NLD လွှတ်တော်အမတ်များ (Credit: ABC)
သြစတြေးလျင်ငံမှာ ​နိုင်ငံရေးသင်တန်းတက်ဖို့ရောက်နေကြတဲ့ ​NLD ​အမတ်တွေ ​ဟာ ​ဆစ်ဒနီတက္ကသိုလ်မှာ ​တပါတ်ကြာသင်တန်း ​တက်ရောက် ​အပြီး ​ကင်ဘာရာမြို့တော်ကို ​ရောက်ရှိနေကြရာမှာ ​ကင်ဘာရာမြို့တော်အခြေစိုက် ​မြန်မာသံရုံးက ​သံအမတ်ကြီး ​ဦးပေါ်လွင်စိန်က ​လှိုက်လှိုက်လှဲလှဲ ​ကြိုဆိုခဲ့တဲ့အကြောင်းသိရပါတယ်။

NLDလွှတ်တော်အမတ်များဖြစ်ကြတဲ့ ​ဦးဖြိုးမင်းသိန်း၊ဒေါ်စန္ဒာမင်းနဲ့ ​ဦးဖြိုးဇေယာသော် ​တို့ဟာ ​သြစတြေးလျလွှတ်တော်ကိုလဲသွားရောက်လေ့လာခွင့် ​ရ ​ကြပြီး၊ ​သြစတြေးလျဝန်ကြီးချုပ်  ​Julia ​Gillard ​နိုင်ငံခြားရေးဝန်ကြီး ​Bob ​Carr ​အပါအဝင် ​သြစတြေးလျနိုင်ငံက ​ဝန်ကြီးတွေ ​အတော်များများနဲ့ ​တွေ့ဆုံခွင့် ​ရခဲ့ ​တဲ့အကြောင်း ​ကင်ဘာရာမြို့တော်ကိုသွားရောက်သတင်းယူနေတဲ့ ​ရေဒီယိုသြစတြေးလျ ​မြန်မာပိုင်းက ​သတင်းထုတ်လုပ်ရေးမှူး ​မူလှိုင်းသိမ့် ​က ​ကင်ဘာရာမြို့ကနေ ​သတင်းပေး ​ပို့ ​ခဲ့ပါတယ်။

ဟစ်ဟော့ပ်အဆိုတော်ကနေ ​နိုင်ငံရေးဘဝကိုပြောင်းလဲဝင်ရောက်ခဲ့တဲ့ ​NLD ​အမတ် ​ဦးဖြိုးဇေယျာသော်ကလည်း ​သြစတြေးလျနိုင်ငံမှာ ​ယခင်က ​Midnight ​Oil ​ဆိုတဲ့ ​နာမည်ကြီးဂီတအဖွဲ့ဝင်ဖြစ်ခဲ့ပြီး ​အခုအခါမှာ ​လေဘာပါတီလွှတ်တော်အမတ် ​နဲ့ ​အခြေခံပညာရေးဝန်ကြီးဖြစ်လာတဲ့ ​Peter ​Garrett ​နဲ့လည်း ​တွေ့ဆုံခွင့် ​ရခဲ့ပါတယ်။
Radio Australia - Myanmar

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။