Wednesday, May 9, 2012

မေလ ၉ရက်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန် ရပ်ကွက်တွင် ဆေးလိပ်မီးမှတစ်ဆင့် မီးလောင်ကျွမ်းမူဖြစ်ပွား


မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန် ရပ်ကွက်တွင် မေလ ၉ရက်နေ့ နံနက်ပိုင်းက ဆေးလိပ်မီးမှတစ်ဆင့် မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေလ ၉ရက်နေ့ နံနက် ၃နာရီ ၂၅မိနစ်ခန့်က ၆၆ လမ်း၊ ၂၇လမ်းနှင့် ၂၈လမ်းကြား  ရှိ မန်းမြန်မာဆောက်လုပ်ရေး သစ်အချောထည်ဂိုဒေါင်ညစောင့်မှ သစ်သားရေပေါ်စက်ခုံပေါ်တွင် စီးကရက်မီးတင်ထားခဲ့ရာ ပြုတ်ကျပြီး ရေပေါ်စသို့ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ နံနက် ၄နာရီ ၃၀မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ ကြောင်း မန္တလေးတိုင်းမီးသတ် ဦးစီးဌာနမှ သိရှိရသည်။

''မနက် သုံးနာရီကျော်လောက်မှာ မီးလောက်တာကို စသိရတယ်။ မီးညွှန့်က ချက်ချင်းထိုးတက်သွားတော့ ကျွန်တော်လည်း ဘာမှ မတက်နိုင်လိုက်ဘူး။ ဂိုဒေါင် တံခါးပေါက်တွေပြေးဖွင့်၊ လျှပ်စစ်မီးဘုတ်ခုံတွေကို တစ်ခါတည်း မိန်းတွေချလိုက်ရတယ်။ သစ်အချောထည်ပြုလုပ်တဲ့ ဂိုဒေါင်ပါ။ ဂိုဒေါင်ထဲမှာက သစ်သားပြားတွေ၊ တံခါးရွက်တွေနဲ့ ကြည်းခွေတွေပဲ ရှိတာ''ဟု မန်းမြန်မာ ဆောက်လုပ်ရေးဂိုဒေါင်မှ ညစောင့်လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

''မီးလောင်တဲ့နေရာ ကမီးသတ်ကား အလယ်တစ်ကူ ၀င်ထွက်သွားလာနိုင်တဲ့နေရာဖြစ်လို့ တော်သေးတယ်။ မီးတောက် မမြင်ရပေမယ့် သစ်သားစ၊ အမှုန်အမွှားတွေပါ လောင်တာဆိုတော့ မီးခိုးတွေက အူထွက်နေတာပဲ''ဟု မီးလောင်ပြင်သို့ လာရောက်ကြည့်ရှုသူတစ်ဦးက ပြောပါသည်။

အဆိုပါ မီးလောက်မူကြောင့် ၄၅ပေ၊ ပေ၄၀ သွပ်မိုး တစ်ထပ်(အလုပ်ရုံ)နှင့် ၃၆ပေ၊ ပေ ၂၀ နံ ကပ် RC  နှစ်ထပ်တိုက်တစ်လုံး၊ ၁၀ပေပတ်လည် RC နှစ်ထပ် တိုက်တစ်ခြမ်းအပါအ၀င် ၂၅ပေပတ်လည်တစ်ခြမ်းနှင့် သစ်သား ၁၅တန် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်ရာသို့ မီးသတ်ယာဉ် ၅၃ စီး၊ အကူယာဉ်အင်အား ၄ စီးနှင့် သန္ဓေအင်အား ၄၅ ဦး၊ အရန်အင်အား ၁၇၅ ဦးတို့မှ ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုဖြစ်စဉ်နှင့်ပက်သက်၍ ညစောင့်ဖြစ်သူအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅၊ (ပ)၂၈၁/၂၀၁၂ ဖြင့် ချမ်းအေးသာစံမြိုနယ် ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောက်ရွက်ထားရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။