Wednesday, May 9, 2012

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကူးလက်မှတ် ပတ်စပို့ရပြီ

ပြည်ပကိုခရီးသွားဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကူးလက်မှတ် ပတ်စပို့ရပြီလို့ NLD ပါတီကပြောဆို ကြောင်း AFP သတင်းမှာ ရေးထားပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်အတွက် ပတ်စပို့ရပြီလို့ သောကြာနေ့က အကြောင်းကြားလာပါတယ်-အခုတော့ ပတ်စပို့က ဒေါ်စုလက်ထဲရောက်နေပါပြီလို့ NLD ပါတီ ပြောခွင့်ရ ဦးဥာဏ်ဝင်းက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ဟာ လာမဲ့ဇွန်လမှာ နော်ဝေးနဲ့ ဘရစ်တိန်နိုင်ငံတွေကို ခရီးသွားဖို့ရှိပြီး ဒီနှစ်ကုန်ပိုင်းမှာတော့ ဂျပန်ကိုသွားရောက်ဖို့ စီစဉ်ထားပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။