နိုင်ငံတကာရှိ သင်္ဘောသားစံနှုန်းများနှင့်တပြေးညီဖြစ်စေရန်င်္ဘောသားဝင်ခွင့်ပုံစံအား ပြည်တွင်းကမ်းရိုး တန်းသင်္ဘောလိုက်၍
သင်္ဘောသားပတ်စ်ပို့ရရှိနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားများ အသင်း(MOSA )က သိရှိရသည်။
“၀င်ခွင့်ရဖို့အတွက် အရင်ကလို ဒေါက်ဆင်းတာတွေ (BELT) စာမေးပွဲဖြေတာတွေလုပ်စရာမလိုတော့ဘူး။ ပြည်တွင်းကမ်းရိုးတန်းလိုက်တာ တစ်ခုတည်းနဲ့တင် ၀င်ခွင့်ရနေပါပြီ”ဟု MOSA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်က သင်္ဘောသားလိုင်စင်ဝင်ခွင့် လျှောက်ထားလျှင် သင်္ဘောကျင်းတွင်
ဒေါက်ဆင်းခြင်း၊ (BELT) စာမေး ပွဲဖြေခြင်း၊ ပြည်တွင်ကမ်းရိုးတန်းများတွင်
သင်္ဘောလိုက်ခြင်းများ ဆောင်ရွက်ပြီးစီးမှသာ သင်္ဘောသား လိုင်စင်
ဝင်ခွင့်ရရှိခြင်းဖြစ်သည်။
ပင်လယ်ကူးသင်္ဘောသားများအားဝင်ခွင့်ပုံစံပြောင်းလဲခြင်းနှင့်ပတ်သက်၍
ကြယ်ငါးပွင့်အဆင့်ရှိ သင်္ဘော လိုင်းများတွင် သင်္ဘောလိုက်ခွင့်ရမည်ဆိုပါက
ပိုမိုကောင်းမွန်ကြောင်း ဂျာမဏီသင်္ဘောလိုင်းမှ သင်္ဘောသား အရာရှိဟောင်းတစ်ဦးက
သုံးသပ်သည်။
“ရေကြောင်းသိပံ္ပဆင်းမဟုတ်တဲ့အတွက် သင်္ဘောလိုက်ရာမှာ ခက်ခဲနိုင်တယ်။
ပုဂ္ဂလိကသင်္ဘောတွေက ရေကြောင်းသိပ္ပံလို မသင်ပေးနိုင်ဘူး ကြယ်ငါးပွင့်အဆင့်ရှိ
သင်္ဘောတွေမှာသာ လိုက်ပါသင်ကြား ခွင့်ရမယ် ဆိုရင် ကောင်းပါတယ်။ ၁၀
တန်းအောင်ပြီး အဲလိုမျိုးအဆင့်မြင့်သင်္ဘောတွေမှာသာ
တကယ်ပညာသင်ခွင့်ရပြီး သင်္ဘောလိုက်မယ်ဆိုရင် မြန်မာသင်္ဘောသားတွေဟာ
နိုင်ငံခြားက သင်္ဘောသားတွေထက် အရည်အချင်း
ပိုကောင်းလာနိုင်တယ်”ဟုဂျာမဏီသင်္ဘောလိုင်းမှ ကိုဒီပါကပြောသည်။
နိုင်ငံခြားသင်္ဘောသားများအနေဖြင့် သက်ဆိုင်ရာနိုင်ငံ အသီးသီးရှိ
ဝင်ခွင့်သင်တန်းများအား ဖြေဆိုရကြောင်း၊ သင်တန်းများလည်း တတ်ရောက်ပြီးမှ
သင်္ဘောကုမ္ပဏီများကတဆင့် လုပ်ကိုင်ခွင့်ရရှိခြင်းဖြစ်ကြောင်း နိုင်ငံ တကာသင်္ဘောသားများ၏ အတွေ့အကြုံနှင့်စပ်လျင်း၍ ၄င်းကသူ့၏အမြင်ကို ဆက်လက်ပြောဆိုသည်။
“သူတို့နိုင်ငံတွေမှာက GTR1 , GTR2 ဆိုပြီး ၂ နှစ်လောက်စီးပြီးမှ
သင်္ဘောသားဖြစ်တာပါ။ Basic Safety Training ရေကြောင်း
နဲ့ပတ်သတ်တဲ့သင်တန်းတွေလည်းတတ်ရသေးတယ်”ဟု ကိုဒီပါက ဆက်ပြောသည်။
အခြားနိုင်ငံများတွင် သင်္ဘောသားလိုင်စင်ဝင်ခွင့်ရရှိနိုင်ရန်မှာ မြန်မာနိုင်ငံထက် ပို၍လွယ်ကူကြောင်းနှင့် ပြည်တွင်းရှိ
ပင်လယ်ကူးသင်္ဘောလိုက်လိုသူအများစုသည် သင်္ဘောလိုက်နိုင်ရန် အခက်အခဲများ ရှိနေ ခြင်းကြောင့် ယခုကဲ့သို့လျော့ချ လိုက်ခြင်းဖြစ်ကြောင်း MOSAမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။
“သင်္ဘောသား လိုင်စင်ဝင်ခွင့် ရဖို့အတွက် တခြားနိုင်ငံတွေမှာ အလွန်လွယ်ပြီး
ပြည်တွင်းမှာအလွန်ခက်ခဲတဲ့ အတွက် သင်္ဘောသားအများစုဟာ
သင်္ဘောလိုက်ဖို့ခဲယဉ်းနေကြတယ်၊ ဒါကြောင့်ခုလိုလျှော့ ချလိုက်ရတာပါ” ဟု
၎င်းက ပြောသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။