မန္တလေးတိုင်းဒေသကြီး၊ မုံရွာခရိုင်ရှိကျေးရွာ(၄)ရွာအား ရွေ့ပြောင်းခိုင်းရာတွင် အိမ်ခြေ(၄၇)လုံး ပြောင်းရွေ့ ရန် ကျန်ရှိနေသေးကြောင်း ဒေသခံများထံက သိရှိရသည်။

အဆိုပါ
ကျေးရွာ(၄)ရွာမှာ ၀က်မှေးကျေးရွာ၊ ကန်တောကျေးရွာ၊ ဆည်တဲ့ကျေးရွာ၊
ဇီးတောကျေးရွာ တို့ဖြစ်ကြောင်း ထိုရွာများတွင် တရုတ်ဝမ်ပေါင်ကုမ္မဏီနှင့်
ထူးကုမ္မဏီတို့မှ သတ္တုတွင်းနှင့်ကြေးနီကုမ္မဏီများ လာရောက်ဖွင့်လှစ်မည်ဖြစ်၍
ရွေ့ပြောင်းခိုင်းကြောင်း သိရှိရသည်။
“ကျမတို့ကတော့
မပြောင်းနိုင်ဘူး ဟိုမှာက အဆင်မပြေဘူး ကျန်းမာရေးအတွက် အဆင်မပြေဘူး၊
မပြောင်းတဲ့ သူတွေကို ဥပဒေအရ အရေးယူမယ်လို့တော့ပြောပါတယ် ဒါပေမယ့်
အဆင်မပြေလို့ မပြောင်းနိုင်ဘူး” ဟု ၀က်မှေးကျေးရွာမှ ဒေသခံ မသွဲ့သွဲ့ဝင်းက
ပြောသည်။
ရွာမှပြောင်းရွှေ့သွားသောသူများအား တစ်အိမ်ထောင်လျှင်
ငွေကျပ်ကိုးသောင်းမှ (၃)သိန်းထိပေးကြောင်းနှင့် လယ်ယာမြေရှိသူများအတွက်
သုံးနှစ်စာအသီးအနှံလျှော်ကြေး(၅)သိန်းပေးကြောင်း ဒေသခံများထံက သိရှိရသည်။
အဆိုပါ ကျေးရွာများသို့ ကျောင်းသားသမဂ္ဂအဖွဲ့က မေလ(၆)ရက်နေ့ကသွားရောက်တွေ့ဆုံခဲ့ပြီး ဒေသခံ များအား အားပေးစကားပြောခဲ့ကြောင်း သိရှိရသည်။
“ကျတော်တို့
ဒေသခံတွေကို အားပေးစကားလာပြောတယ်၊ ပြီးတော့ ဒီကအချက်လက်တွေကိုယူပြီးတော့
NLD ဥပဒေအထောက်အကူပြု အဖွဲ့ကိုတင်မယ်”ဟု ကျောင်းသားသမ္မဂ မှ
ကိုဒီငြိမ်းလင်းကပြောသည်။
၂၀၁၁ခုနှစ် ဒီဇင်ဘာလ(၂)ရက်နေ့မှ(၈)ရက်နေ့အထိ အပြီးပြောင်းခိုင်းကြောင်းထားသည့် ထိုရွာများက ပြောင်းရွှေ့သွားသောသူများအား မှတ်ပုံတင် သန်းခေါင်စာရင်းများထုတ်ပေးကြောင်း
ရွာ၌ ကျန်ရှိနေသေး သောသူများကို သူပုန်နယ်မြေဟုပြောဆိုကာ
မှတ်ပုံတင်သန်းခေါင်စာရင်းများ ထုတ်ပေးခြင်း မရှိကြောင်း ကိုလည်း သိရသည်။
“ကျမတို့ရွာမှာ ဘုန်းကြီးကျောင်းတွေကို ချိတ်ပိတ်ထားတယ်၊ မူလတန်းကျောင်းများကို ရွှေ့ပြောင်းထား ကြောင်း ဒေသခံများထံက ပြောဆိုကြသည်။
ခရိုင်မှ အဓိကပြောင်းရွေ့ခိုင်းခြင်းဖြစ်ကြောင်း
မပြောင်းရွှေ့ပြောင်းသူများအား ဥပဒေအရရေးယူမည်ဟု ပြောဆိုထားကြောင်း၊ မေလ
(၇)ရက်နေ့က ရွာမှ လူခြောက်ဦးအား ခေါ်ယူတွေ့ဆုံရာတွင် ဒေသခံများက သွားရောက်တွေ့ဆုံးခြင်းမရှိကြောင်း ဒေသခံများကပြောဆိုသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။