Saturday, April 28, 2012

ပါကစ္စတန် ၀န်ကြီးချုပ်ကို ထောင်ဒဏ်တရက် ချမှတ်

ရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့ ပြစ်မှု ထင်ရှားတယ်လို့ ပါကစ္စတန် တရားရုံးချုပ်က ပါကစ္စတန်ဝန်ကြီးချုပ် ယူဆွတ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) အပေါ်မှာ ဒီကနေ့ အမိန့်ချမှတ်လိုက်တာကြောင့် ၀န်ကြီးချုပ်နဲ့ တရား ခုံရုံးတို့အကြား အားပြိုင် လွန်ဆွဲပွဲ ပြီးဆုံးသွားပါပြီ။

သမ္မတ အဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zardari) အပေါ်မှာ အရင်က စွဲဆိုခဲ့ဖူးတဲ့ လာဒ်စားမှုကို အမှုပြန်ဖွင့်ဖို့ တရားရုံးက ညွန်ကြားခဲ့တာကို မလိုက်နာပဲ နေခဲ့တာကြောင့် ပါကစ္စတန်ရဲ့ အမြင့်ဆုံး တရားရုံးချုပ်က မစ္စတာ ဂီလာနီအပေါ်မှာ ရုံးတော်ကို မထေမဲ့မြင့် ပြုမှုနဲ့ ပြစ်မှု ထင်ရှားတယ်လို့ ဒီကနေ့ ကြာသပတေးနေ့မှာ စီရင်ချက် ချလိုက်တာပါ။

ရုံးတော်ကို မထေမဲ့မြင် ပြုမှုနဲ့ မစ္စတာဂီလာနီဟာ ထောင်ဒဏ် ၆ လအထိ အပြစ်ပေးခံရဖို့ ရှိပေမယ့် တရားရုံးချုပ်က မစ္စတာ ဂီလာနီကို ရုံးမင်းတထိုင် ပြစ်ဒဏ်ပဲ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် ပြစ်မှုထင်ရှားတယ်လို့ စီရင်ခဲ့တာကြောင့် မစ္စတာ ဂီလာနီကို နိုင်ငံကို အုပ်ချုပ်ဖို့ အရည်အချင်း မပြည့်မှီတော့သူ အဖြစ် လွှတ်တော်က သတ်မှတ်ပြီး ၀န်ကြီးချုပ် ရာထူးကနေ အဖယ်ရှားခံရမယ့် အလားအလာ ရှိနေပါတယ်။

တရားရုံးချုပ်ရဲ့ စီရင်ချက်ဟာ တရားရေးမှန်တိုင်က အုပ်ချုပ်ရေး အစိုးရပိုင်းကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တာ ဖြစ်တယ်လို့ ပါကစ္စတန် ဥပဒေရေးရာ ကျွမ်းကျင်သူ ဘာဘာ ဆက်တား (Babar Sattar) က ပြောပါတယ်။ ကျင့်ဝတ်နဲ့ သမာဓိ ခိုင်ကြည်မှု ရှိမရှိ ရှုဒေါင့်ကကြည့်ရင် ၀န်ကြီးချုပ်ဟာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ သမာဓိမရှိသြူုဖစ်နေပြီး တရားရုံး စီရင်ချက်ဟာ ဂရုတစိုက်နဲ့ မျှတတဲ့ ဆုံးဖြတ်ရေးကို ဖောက်ဖျက်ကြောင်း ပြသနေတယ်လို့ ဆိုပါတယ်။

မစ္စတာ ဂီလာနီကို ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်ဟာ အစိုးရအဖွဲ့အတွင်းမှာ အရေးအခင်းတရပ် ဖြစ်ပွားစေနိုင်တဲ့ နောက်ဆက်တွဲမျိုး မပေါ်ပေါက်စေရေး ဆိုတဲ့ အချက်ကို မလေးစား မလိုက်နာရာ ကျနေတယ်လို့လည်း မစ္စတာ ဆက်တားက ပြောပါတယ်။ ၀န်ကြီးချုပ် ဂီလာနီရဲ့ ရှေ့နေကတော့ သူ့ရဲ့ အမှုသည်ဟာ တရားရုံးချုပ်မှာ အယူခံဝင်မယ်လို့ ပြောလိုက်ပြီး ၀န်ကြီးချုပ်ဟောင်း နာဝပ် ရှာရစ်ဖ် (Nawaz Sharif) အပါအ၀င် အတိုက်အခံ ခေါင်းဆောင်တွေကတော့ မစ္စတာ ဂီလာနီကို ရာထူးကနေ နှုတ်ထွက်ပေးဖို့အတွက် တောင်းဆိုနေကြပါတယ်။


By VOA (မြန်မာပိုင်း) 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။