ဒဂုံဆိပ်ကမ်းမြို့နယ် (၆၇)နှင့်(၆၁)ရပ်ကွက်များတွင် သောက်သုံးရေရှားပါးမူနှင့် ၀မ်းပျက်ဝမ်းလျောပြဿနာများ ကြုံတွေနေရ
ရန်ကုန်တိုင်ဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ၆၇ ရပ်ကွက်နှင့် ၆၁ ရပ်ကွက်များနေ ဒေသခံများ အနေဖြင့် သောက်သုံးရေရှားပါးမူပြသာနာနှင့် ၀မ်းပျက်ဝမ်းလျောပြဿနာများ ကြုံတွေနေရကြောင်း ဒေသခံများထံက သိရသည်။

“ကျွန်မတို့ သုံးစွဲနေတဲ့ ရေကန်နှစ်ကန်ရှိပါတယ်။ တစ်ကန်က
လုံးဝခန်းသွားတာတယ်။ နောက်တစ်ကန်က ရေနည်းနည်းတော့ ကျန်သေးပါတယ်။
ဒါပေမယ့်လူနေအိမ်တွေက မြေတူးယူတာတို့၊ အမှိုက်တွေကျတာနဲ့
ရေကပုတ်သလိုလို၊ပေါ့သွားပြီး အလိုရေလိုသုံးစွဲမိလို့
ဝမ်းပျက်ဝမ်းလျောတဲ့ပြဿနာပါကြုံတွေ့နေတာပါ” ဟု ၆၇ ရပ်ကွက်
ရတနာလမ်းတွင်နေထိုင်သူတစ်ဦး ကပြောသည်။
အဆိုပါဒေသတွင် နှစ်စဉ်သောက်သုံးရေပြသာနာကြုံတွေခဲ့ရပြီး
သောက်သုံးရေနှစ်ကန်တွင် တစ်ကန်သာ လုံးဝခမ်းခြောက်သွားတက်ပြီး ကျန်တစ်ကန်မှာ
သုံးစွဲရန် ရေအနည်းငယ် ကျန်ရှိ၌ သုံးစွဲနိုင်ကြောင်း၊ ယခု (၂၀၁၂) တွင်
တစ်ကန်ခမ်းခြောက်လျက်ရှိပြီး ကျန်တစ်ကန်မှာ ရေအနည်းငယ်ကျန်ရှိနေသော်လည်း
သုံးစွဲ မိသူများမှာဝမ်းပျက်ဝမ်းလျောရောဂါကြုံတွေ့ရကြောင်း ဒေသခံများ ကဆိုသည်။
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ (၆၇) ၇ပ်ကွက်တွင် အိမ်ခြေ
၅၀၀ကျော်ရှိပြီး လူဦးရေ ၃၀၀၀ ကျော်ရှိပြီး ၀မ်းပျက် ၀မ်းလျောသူဦးရေ
၃၀ခန့်ရှိခဲ့ကြောင်း၊ သောက်သုံးရေလိုအပ်သူများအနေဖြင့်
သောက်သုံးရေဗူး(၂၀လီတာ) တစ်ဗူးလျှင် ကျပ်ငွေ (၄၀၀)
ဖြင့်ဝယ်ယူသုံးစွဲရကြောင်း၊၀ယ်ယူသုံးစွဲရန်ငွေကြေး မတက်နိုင်သူများ
အနေဖြင့်လာရောက်လှူဒါန်းသူများအားစောင့်နေရကြောင်း သိရသည်။
“ကျွန်တော်တို့ပါတီအနေနဲ့ အလှူရှင်တွေအနေနဲ့ တက်နိုင်တဲ့ သောက်သုံးရေကို
ရေရှိတဲ့မြို့နယ်တွေကလည်း ယူပြီး တစ်ရက်ခြား တစ်ခါလောက် လှူဖြစ်ပါတယ်။
၆၇ရပ်ကွက်မှာ လူအယောက် ၃၀ လောက် ၀မ်းပျက် ၀မ်းလျောဖြစ်လို့
ဆေးရုံတင်လိုက်ရသေးတယ်။ အခုတော့ပြန်ဆင်းလာပြီး” ဟု အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်မှ ဒဂုံမြို့သစ်ဆိပ်ကမ်း မြိုနယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမျိုးအောင်က ပြောသည်။
သောက်သုံးရေပြသာနာကြုံတွေ့နေရသော ၆၇ ရပ်ကွက်နှင့် ၆၁ ရပ်ကွက်များသို့ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ တက်နိုင်သမျှ သောက်သုံးရေလှူဒါန်းခြင်းများပြုလုပ် ပေးနေသော်လည်း ဆက်လျက်လိုအပ်လျက်ရှိကြောင်း သိရသည်။
“ပါတီတွေတို့ အလှူရှင်တို့က လှူပါတယ်။ ဒါပေမယ့် အကုန်လုံး ဆိုတော့
သူတိုတွေအနေနဲ့ဘယ်တက်နိုင်မလဲ၊ နောက် အခုက နေရာတိုင်းလိုလို
ရေပြဿနာကကြုံတွေ့နေရတာတွေ့တယ်” ဟု ၆၁ ရပ်ကွက်တွင်နေထိုင်သူ ကိုကုလား
ကပြောသည်။
အောင်ကိုကိုလတ် (မြစ်မခ)
by Myit Makha Mediagroup
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။