Saturday, April 28, 2012
ကောင်းဇော်ဟိန်း ကုမ္ပဏီမှ ဒေသခံ ရေနံလုပ်သားများ အပေါ်အနိုင်ကျင့်နေ
ကောင်းဇော်ဟိန်း ကုမ္ပဏီမှ ဆိုင်တဆိုင်ကိုတွေ့ ရစဉ်
မကွေးတိုင်း  ဒေသကြီး၊ မြိုင်မြို.နယ်  ၀ယ်တောင်(မ)ကျေးရွာတွင်
ဗိုလ်ကြီး  မောင်ထွေး ဦးဆောင်သော  ကောင်းဇော်ဟိန်း  ကုမဏီမှ  7.1.2009
ရက်နေ.မှ  ယခု အချိန်ထိ  ဒေသခံများ  စမ်းသပ်တူးဖော်ရရှိသည်.
ရေနံဆီများကို မတရားဈေးနှိမ်ဝယ်ယူနေပါသည်။
ဝယ်တောင် အုပ်စု ၊ ၀ယ်တောင် (တ)ကျေးရွာတွင်  လက်ရှိ ဆီဈေးမှာ 113000
(တစ်သိန်းတစ်သောင်းသုံးထောင်)  ကျပ်ဖြင်. ၀ယ်ယူပြီး
ဝယ်တောင်(မ) ရေနံမြေတွင်  72000(ခုနှစ်သောင်းနှစ်ထောင်)  ကျပ်ဖြင်.သာ ၀ယ်ယူပါသည်။
ဒေသပေါက်ဈေးရရန် ၀ယ်တောင်(တ)ရွာသို.  သွားေ၇ာက်ရောင်းချသော  ၀ယ်တောင် (မ
)ကျေးရွာနေ အဘ  ဦးထီန်းပို၏သား  မောင်တိုးပွားအား  ကောင်းဇော်ဟိန်းကုမဏီ
မှ  မြို.နယ်မှူးဟောင်း ဦးသိန်းမြင်.နှင်.အဖွဲ.မှ မောင်တိုးပွားထံမှ
ရေနံဆီပေပါ  လေးလုံးနှင်.ငွေကျပ် 300000(သုံးသိန်း) တောင်းယူထားကြောင်း
၊မောင်တိုးပွားကိုလည်း  ထိပ်တုံးတညလုံးချထားကြောင်း၊
တဖန်
ရွာသားတဦးအား  မိမိပိုင်ရေနံတွင်းမှ ဆီ 2 ပုံး ရွာသို. သယ်ယူသဖြင်.
ကောင်းဇော်ဟိန်းမှ  ငွေ 430000(လေးသိန်းသုံးသောင်း)  ကျပ်
တောင်းယူထားကြောင်း သိရပါသည်။
ကောင်းဇော်ဟိန်းကုမ္ပဏီမှ ၀န်တမ်းတဦးကလည်း  ၀ယ်တောင်(မ)ရွာနေ  အဘ
ဦးတိုးရှိန်၏ သမီး  မမင်းဌေး အသက် (18)နှစ်အား  မတရား ဆွဲလားရမ်းလား
လုပ်ခဲ.ကြောင်း၊ လျော်ကြေးဆိုပြီး  ငွေကျပ် နှစ်သိန်းပေးသဖြင်.
မိသားစုများမှ ကြောက်လို.သာ ကျေနပ်လိုက်ရကြောင်း၊
ကောင်းဇော်ဟိန်း ကုမ္ပဏီမှ ဒေသခံများအပေါ် ရေနံဆီဈေး နှိမ်ဝယ်ယူရုံသာမက
၊ဒသခံများအပေါ် အနိုင်ကျင်မှုများပါ ရှိနေကြောင်း ဒေသခံများက
Myanmar News Now ကိုပြောပါသည်။ 
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။