ပန်းခြံဝင်ကြေးနှုန်းထားများ |
ပန်းခြံဝင်ကြေးကောက်ခံသည့်နေရာ |
![]() |
ပန်းခြံဝင်ကြေးဘောက်ချာမျိုးစုံ |
နေပြည်တော်တွင်
ဖွင့်လှစ်ထားရှိသော ဥယျာဉ်များအနက်မှ လူအ၀င်များ ဆုံးဥယျာဉ် ဖြစ်သော ရေပန်းဥယျာဉ်တွင်
ယခင်က လူဝင်ကြေး (200)ကျပ်
ကောက်ခံရာမှ ယခုအခါ အချိန်ပိုင်းအပြောင်းအလဲဖြင့် (500)ကျပ်ထိ
တိုးမြင့်ကောက်ခံလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါရေပန်းဥယျာဉ်ဝင်ကြေးနှုန်းထားမှာ စတင်ဖွင့်လှစ်သည့်
ကာလမှ
စတင်ပြီး 2012 ဧပြီလ လဆန်းပိုင်းအထိ ပန်းချိန်ဖွင့်ချိန်အတွင်း မည့်သည့်
အချိန်မဆို
လူတစ်ယောက်ဝင်လျှင် (200)ကျပ်ဖြင့်ကောက်ခံသော်လည်း
လွန်ခဲ့သည့် ရက်သတ္တပတ် (၃)ပတ်ခန့်မှစတင်ပြီး
ညနေ (၄း၀၀) မှ
ဥယျာဉ်ပိတ်ချိန်အတွင်း လူတစ်ယောက်လျှင် (၅၀၀)ကျပ် ထိ မြင့်တင်
ကောက်ခံခဲ့ခြင်းဖြစ်သည်ဟုလည်း
သိရသည်။
``ပန်းခြံ ဖွင့်ချိန်ကတော့ မနက် (၈း၀၀)မှာ
စဖွင့်ပါတယ်။ အခကြေးငွေတိုးမြင့်ကောက်တယ်ဆိုတာကလည်း စတင်ဖွင့်ချိန်ကနေ ညနေ
(၄း၀၀)မထိုးချိန်ခင်အထိ
ပုံမှန်ကြေး လူတစ်ယောက်ကို (၂၀၀)ကျပ်ပဲ
ကောက်ပြီး ညနေ (၄း၀၀)ကျော်သွားရင်တော့ လူတစ်ယောက်ကို
(၅၀၀)
ကျပ်ကောက်ခံပါတယ်´´ ဟု အဆိုပါရေပန်းဥယျာဉ်မှ စည်ပင်ဝန်ထမ်း
တစ်ဦးက ပြောဆိုသည်။
အဆိုပါ ရေပန်းဥယျာဉ်သည် နေ့စဉ် ညနေပိုင်း
(၅း၀၀) နောက်ပိုင်းတွင်
လူဝင်များပြီး မနက်ပိုင်းနှင့် နေ့လည်ပိုင်းတွင်မူ လူဝင်ရောက်မှု
မရှိသ
လောက်နည်းပါးကြောင်းနှင့် အလှမှတ်တမ်းတင် ဓါတ်ပုံသမား အများစု အလုပ်ဖြစ်ရာနေရာ
ဖြစ်ကြောင်းလဲသိရသည်။
``စီးပွားဖြစ်ကင်မရာတစ်လုံးကို ၀င်ကြေး
(၂၀၀၀)ကျပ်ကောက်ခံတာတော့ အရင်လိုပါပဲ ဈေးမတက်သွားလို့ ကျေးဇူးတင်ပါတယ်။ လူဝင်ကြေးကို
နှစ်ဆကျော်ထက်ပိုပြီးကောက်သွားတာကို အများပြည်သူ
ကိုကြိုတင် သတိပေးခြင်း၊ ကြော်ငြာခြင်း
လုံးဝမရှိပဲ ကောက်မှပဲ
ဆိုင်းဘုတ်ထောင်ပြီးရုတ်တရက် လုပ်သွားတော့ ကျနော်တို့ပါ
ဒီလိုတိုးပြီးအကောက်ခံရမလားဆိုပြီး
လန့်နေရတယ်´´ ဟု
ရေပန်းဥယျာဉ်အတွင်း လုပ်ကိုင်နေသော ဓါတ်ပုံဆရာတစ်ဦးက
လည်း ပြောဆိုသည်။
နေပြည်တော်သတင်းထောက် (Myanmar News Now)
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။