Saturday, April 28, 2012
UMFCCI ၏ ဥပဒေမဲ့ လုပ်ရပ်ကြောင့် အိမ်ထောင်စု(၈) စု အခက်အခဲဖြစ်နေ
အိမ်ထောင်စု(၈)စုကို ပြောင်းရွှေ့ ထားပြီး အဆောက်အဦးပြန်မဆောက်ပေးသေးတဲ့ မြေကွက်လပ်
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့ နယ် (၉)ရပ်ကွက်၊ဗိုလ်ဆွန်ပက်(အောက်)လမ်း၊
အမှတ်(၇၄/၈၆)မြေကွက်ပေါ်ရှိအဆောက်အဦး မှာဟောင်းနေသော်လည်း
  ကောင်းနေသေးသောတိုက်ကြီးဖြစ်ပါသည်။၎င်းတိုက်ကြီးတွင် အိမ်ထောင်စု(၈)စု
အေးချမ်းစွာနေထိုင်လျှက်ရှိနေစဉ် စီမံချက်အရ ဆိုပြီး ကောင်းနေသေးသောအဆောက်
အဦးမှ(၃)ရက်အတွင်းအပြီးဖယ်ရှားစေခဲ့ရာမိသားစုများမှာပြောင်းရွှေ့ နေထိုင်စရာအဆင်
သင့် မရှိပါပဲနှင့် ကတိုက်ကရိုက် အဆင်ပြေသလို (၃)ရက်အတွင်းရအောင်ပြောင်းရွှေ့ 
ပေးခဲ့ကြပါသည်။
မြေပိုင်ရှင်ဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ
အသင်းချုပ်(UMFCCI)သည် ချက်ချင်းပင်ဆောက်ပေးတော့ မယောင်ဖြင့် မိသားစုတစု
သို့ သော် မူလ အကျယ်အ၀န်းအတိုင်းပြန်မရနိုင်ကြောင်းသိရသဖြင့် 
အိမ်ထောင်စု(၂)စုမှာ ပြောင်းရွှေ့ ကြေးကိုလည်းမယူပဲလက်မှတ်လည်းမရေးထိုးခဲ့ပါ။
မြေတိုင်းဌာနမှမြေလာရောက်တိုင်းရာတွင်လည်း ပိုသလိုလျော့ သလို တမျိုးးမဟုတ်
တမျိုးပြောပါသည်။ပြီးလျှင် အကြောင်းအမျိုးမျိုးပြကာနေ့ ရွှေ့ ၊ ညရွှေ့  ရွှေ့ ခဲ့သည်မှာ
တစ်နှစ်လည်းမက၊နှစ်နှစ်လည်းမက၊သုံးနှစ်သုံးမိုးသို့ တိုင်ခဲ့ပြီဖြစ်ပါသည်။
ပြောင်းရွှေ့ ကြေးမယူပဲ လက်မှတ် မထိုးသည့် အိမ်ထောင်စု(၂)စုမှ တစ်စု၏ အိမ်ထောင်
ဦးစီးဖြစ်သူမှာ အငြိမ်းစားဝန်ထမ်းတစ်ဦး၏ဇနီး ဖြစ်ပြီးအသက်(၇၆)နှစ်အရွယ်ရှိအဖွား
အိုဖြစ်ပါသည်။ နေစရာအိမ်မရှိသဖြင့် သမီးဖြစ်သူထံတွင်ကပ်ပြီးနေထိုင်နေရပါသည်။
ကျန်မိသားစုများမှာလည်းဒုက္ခကိုယ်စီရောက်လျှက်ရှိနေကြပါသည်။
အဆောက်အဦးပြန်လည်ဆောက်လုပ်ရန်ကိစ္စညှိနှိုင်းလိုသောကြောင့် အိမ်ထောင်စု(၈)
စုမှာအလုပ်ကိုယ်စီရှိသဖြင့် ဆုံရန်ခက်ခဲသော်လည်း ကြိုးစားစုစည်းကာကုန်သည်ကြီး
များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)ရုံးသို့ 
မကြာမကြာသွားရောက်ခဲ့ပါသော်လည်း အသင်းကြီး၏ဥက္ကဌမှာတခါမှလက်ခံတွေ့ဆုံခြင်း
မရှိပဲအကြောင်းမဲ့ရှောင်နေခဲ့ပါသည်။
မကြာသေးမီ ဧပြီလဆန်းပိုင်းခန့် က အဆိုပါမြေကွက်ကိုကုန်သည်နှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များအသင်းချုပ်ပိုင်ဟော်တယ်တည်ဆောက်ရန်ဟုဆိုကာမြေတိုင်းတာခြင်း
လုပ်ငန်းကို လက်ရှိအိမ်ထောင်စုများအားအသိပေးခြင်းညှိနှိုင်းခြင်းများမရှိပဲလာရောက်
တိုင်းတာခဲ့ပြီး အသင်းချုပ်ဟော်တယ်တည်ဆောက်ရန်အဆောတလျှင်စီစဉ်နေကြောင်း
သိရပါသည်။
၎င်းမှာဥပဒေမဲ့လုပ်ရပ်ဖြစ်ပါသည်။ အိမ်ထောင်စု(၈)စုမှယင်းဥပဒေမဲ့ လုပ်ရပ်ကိစ္စကို
သက်ဆိုင်ရာဌာနများနှင့် နိုင်ငံတော်သမ္မတကြီးအထိအသနားခံတင်ပြထားပါသော်လည်း
ယခုချိန်ထိ အကြောင်းမထူးသေးကြောင်း ပြောင်းရွှေ့ ခံထားရတဲ့ အိမ်ထောင်စုဝင်များ
ထံမှ Myanmar News Now မှ စုံစမ်းသိရှိရပါသည်။ 
ပြောင်းရွှေ့ ခံထားရတဲ့ အိမ်ထောင်စု(၈)စု ၏ အမည်စရင်း
အမှတ်(၇၄/၈၆)ဗိုလ်ဆွန်ပက်(အောက်)လမ်း၊(၉)ရပ်ကွက်၊ပန်းဘဲတန်းမြို့နယ် မှဖယ်ရှားခံရသောအိမ်ထောင်စု(၈)ဦးအမည်စာရင်း
၁။ဒေါက်တာခင်မောင်လတ်       အမှတ်(၈၆) ပထမထပ်
၂၊နေတာဂျီအသင်း                 အမှတ်(၈၀) ယာ ပထမထပ်
၃။ဦးသိန်းဇော်                      အမှတ်(၈၀) ၀ဲ ပထမထပ်
၎။ဦးသန်းစိုး                         အမှတ်(၇၄) ပထမထပ်
၅။ဦးသိန်းအောင်                             အမှတ် (၇၄) မြေညီထပ်
၆။လုပ်သားရိပ်သာ                 အမှတ် (၈၂) မြေညီထပ်
၇။ဗိုလ်မှူးအောင်ဘွင့်(ငြိမ်း)       အမှတ် (၈၄) မြေညီထပ်
၈။ဦးအုန်းမြင့်                       အမှတ် (၈၆) မြေညီထပ်
ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ )၏ ၇-၁၂-၂၀၀၉ နေ့ စွဲပါ စာအမှတ် ၂၈၀၇/ပြင်ပ/စည်ပင် ယာ/အုံ စီမံချက်အရ ရွှေ့ ပြောင်းခံရခြင်းဖြစ်ပါသည်။
ဥပဒေမဲ့ လုပ်ရပ်နဲ့ ပါတ်သတ်လို့ အသေးစိတ်သိလိုပါက အောက်ပါ အထောက်အထား
စာရွက်စာတမ်းများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Myanmar News Now 
Myanmar News Now
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။