ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်ထောင်စု လွှတ်တော်သည် ဖွဲ့စည်းပုံအခြခံဥပဒေ ပုဒ်မ ၉၈ အရ ၂ဝ၁၂ ခုနှစ်၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေကို နိုဝင်ဘာလ ၂၆ ရက်နေ့က ပြဋ္ဌာန်းလိုက်သည်။
Tuesday, November 27, 2012
ရန်ကုန် အလုံလမ်းနှင့် ကမ်းနားလမ်းဒေါင့် ယာဉ်တိုက်မှု ဖြစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၉ နာရီခန့်က ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ကမ်းနားလမ်းနှင့် အလုံလမ်း မီးပွိုင့်လမ်းဆုံတွင် ကွန်တိန်နာ တင် ယာဉ်တစီး အလုံသစ်စက်ဝင်း လမ်းသွယ်မှ ကမ်းနားလမ်းသို့ ချိုးကွေ့စဉ် အဌားယာဉ်ငယ် တစီးနှင့် တိုက်မိခဲ့သည်။
မြန်မာကို Burma ဟု နောက်နောင် မခေါ်တော့ကြောင်း ကန် ကာကွယ်ရေးဝန်ကြီးဆို
အမေရိကန် ကာကွယ်ရေးဝန်ကြီးက မြန်မာနိုင်ငံအား အင်္ဂလိပ်လို Burma ဟု နှုတ်ကျိုးနေ၍ ခေါ်ရခြင်းဖြစ်ပြီး နောက်နောင် မခေါ်တော့မည့်အကြောင်း ပြောဆိုလိုက်သည်။မြန်မာနိုင်ငံ၏ လက်ရှိ ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုထောက်ခံ လိုက်ပြီး အနာဂတ်တွင် မြန်မာနိုင်ငံနှင့် ပိုမိုရင်းနှီးစွာ ဆက်ဆံသွား မည်ဟုလည်း ကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပါနတ်တာ က ဆိုသည်။ မိုးထိမိုးမိ ရွှေလုပ်သားများ တပ်ပြန်ခေါက်ခဲ့ရ
စံခလပူရီ (မဇ္ဈိမ) ။ ။ နေပြည်တော် ရောက်ရန် မိုင် ၃၀ ခန့်အလို ရေနီမြို့တွင် လေးရက်ကြာ ပိတ်မိနေသည့် လမ်းလျှောက်ချီတက် ဆန္ဒပြသည့် ရွှေလုပ်သားများ မန္တလေးတိုင်း ရမည်းသင်းမြို့သို့ အင်္ဂါနေ့တွင် တပ်ခေါက်
ပြန်သွားရပြီ ဖြစ်ကြောင်း ရွှေလုပ်သား ကိုယ်စားလှယ်များက ပြောသည်။
ရေနီမြို့အနီးတွင် လုံခြုံရေး အင်အား ၅၀၀ ကျော် ချထားသည့်အတွက် ရှေ့မတိုးသာဘဲ ပိတ်မိနေသည့် ရွှေလုပ်သား ၇၀ ကျော်အတွက် စားသောက် နေထိုင်ရေးအတွက် အခက်အခဲများ ကြုံတွေရခြင်း၊ ရေနီမြို့ခံများကလည်း မြို့မှ ထွက်ခွာပေးရန် မေတ္တာရပ်ခံနေခြင်းကြောင့် နောက်ဆုံးတွင် အစိုးရဘက်မှ တာဝန်ရှိသူများ၏ ညှိနှိုင်းမှုကို လက်ခံလိုက်ရခြင်း ဖြစ်သည်။
ပြန်သွားရပြီ ဖြစ်ကြောင်း ရွှေလုပ်သား ကိုယ်စားလှယ်များက ပြောသည်။
ရေနီမြို့အနီးတွင် လုံခြုံရေး အင်အား ၅၀၀ ကျော် ချထားသည့်အတွက် ရှေ့မတိုးသာဘဲ ပိတ်မိနေသည့် ရွှေလုပ်သား ၇၀ ကျော်အတွက် စားသောက် နေထိုင်ရေးအတွက် အခက်အခဲများ ကြုံတွေရခြင်း၊ ရေနီမြို့ခံများကလည်း မြို့မှ ထွက်ခွာပေးရန် မေတ္တာရပ်ခံနေခြင်းကြောင့် နောက်ဆုံးတွင် အစိုးရဘက်မှ တာဝန်ရှိသူများ၏ ညှိနှိုင်းမှုကို လက်ခံလိုက်ရခြင်း ဖြစ်သည်။
ရန်ကုန်ဆန္ဒပြသူများအား ပုဒ်မ ၁၈ ဖြင့်ခေါ်၍ ပုဒ်မ ၅ဝ၅ ဖြင့် ဖမ်းထား
နယူးဒေလီ (မဇ္ဈိမ) ။ ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် တနင်္လာနေ့က ရန်ကုန်မြို့ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူအချို့အား ဖမ်းဆီးကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခံနေရကြောင်း ဗကသ ကျောင်းသား ကိုသီဟဝင်းတင် က ပြောသည်။
Blacklist ကိစ္စ ဆက်သွယ်ရေးနှင့်စပ်လျဉ်းပြီး နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ထုတ်ဖော် ပြောကြားချက်
(၁)၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ ရဲ့ သတင်းထုတ်ပြန်ချက် (၂/၂၀၁၂) မှာ "ပြည်ထောင်စုအစိုးရအနေနှင့် “နိုင်ငံရေးအရ နာမည်ပျက်စာရင်း” ဟုခေါ်ဆိုသော ပုဂ္ဂိုလ်များစာရင်းကိုလည်း ပယ်ဖျက်ပေးထားပြီးဖြစ်သည့်အပြင် ယင်းကိစ္စများနှင့် စပ်လျဉ်း၍ ဖြေကြားပေးနိုင်ရန်လည်း သမ္မတရုံးတွင် ဆက်သွယ်ရေး တာဝန်ခံတစ်ဦးကို ခန့်ထားပြီး ဖြစ်ပါသည်။" ဆိုပြီး ဖော်ပြ ပါရှိပါတယ်။
ပုရစ်နှင့်ခူယားကြောင့် ငါးသိုင်းချောင်းမတ်ပဲခင်းဧကထောင်ကျော်ပျက်စီး
ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့အနီးရှိ ကျေးရွာများမှတောင်သူများ၏ မတ်ပဲခင်းများ ပိုးများဖျက်ဆီးခြင်းကြောင့် ဧက(၁)ထောင်ကျော် ပျက်စီးဆုံးရှုံးကာ စိုက်စရိတ် ခွဲဆပ်နိုင်ရန်ကြိုးပမ်း လျက် ရှိသည်ဟု ပဲစိုက်တောင်သူများထံက သိရှိရသည်။
တက်ရိပ်ပြနေသည့် ပုသိမ် အိမ်ခြံမြေဈေးကွက်
ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မြို့ပေါ်ရှိ လမ်းများမှာ ယခင်ထက်ပိုမို ကောင်းမွန်လာခြင်းနှင့်အတူ အိမ်၊ခြံ၊မြေ အ၀ယ်များ လာပြီး ဈေးနှုန်းထပ်မံမြင့်တက်လာနိုင်ဖွယ်ရှိသည် ဟု ပုသိမ်အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ကိုင်နေသူများထံမှ သိရှိရသည်။
ကမ္ဘောဒီးယား ACLEDA ဘဏ် ပြည်တွင်း ၌ ငွေချး လုပ်ငန်း လာရောက် လုပ်မည်

ကမ္ဘောဒီးယား နိုင်ငံမှ ACLEDA ဘဏ်သည် အသေးစား ငွေစု ငွေချေး လုပ်ငန်း လုပ်ကိုင်ရန် လာမည့်နှစ်တွင် မြန်မာ၌ ရုံးခွဲများ လာရောက် ဖွင့်လှစ်မည်ဟု သိရသည်။
ဇွဲကပင်ဆောင် စာစစ်ဌာနတွင် မီးလောင်
ရန်ကုန် တက္ကသိုလ် လှိုင်နယ်မြေ အတွင်းရှိ ဇွဲကပင်ဆောင် စာစစ် ဌာန၌ ယနေ့ နံနက် အစောပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

တစ်ပတ်အတွင်း တောင်းရမ်းစားသောက် သူ ၂၀ဝ ဝန်းကျင်ကို ဖယ်ရှားနိုင် ခဲ့ပြီဟု သိရ
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ရပ်ကွက် တွေမှာ တောင်း ရမ်း စားသောက်နေသူတွေ
နိုင်ငံခြားသား ဧည့်သည်များ အဝင် အထွက်ရှိတဲ့ သမိုင်းဝင် အဆောက်အအုံ ဝန်းကျင်တွေမှာ ပုံစံမျိုးစုံနဲ့ တောင်း ရမ်းစားသောက်နေသူတွေကို မြို့ တော်လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်း ရေးဌာန စည်ပင်သာယာရဲတပ်ဖွဲ့မှ ဖယ်ရှားရှင်းလင်းခဲ့ရာ တစ်ပတ်အ တွင်း တောင်းရမ်းစားသောက်သူ ပေါင်း ၂၀ဝ ဝန်းကျင်ခန့်ကို ဖယ်ရှား ရှင်းလင်းနိုင်ခဲ့ တယ်လို့ မြို့တော် စည် ပင်သတင်းများ အရ သိရှိရပါတယ်။
မုံရွာမြို့တွင်း သံဃာတော် အပါး ၃၀၀ ဆန္ဒထုတ်ဖော် လှည့်လည်
မုံရွာမြို့၊ဇောတိက ရာမကျောင်းတိုက်မှ သံဃာတော် အပါး ၂၀၀ ကျော်သည် လက်ပန်းတောင်းတောင်ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒဖော် ထုတ်ရန် အတွက် နိုဝင်ဘာလ ၂၆ ရက်မွန်းလွဲ ၂ နာရီခွဲအချိန်မှစတင်ကာ မုံရွာမြို့ကျောက္ကာလမ်းမကြီး အတိုင်း ချင်းတွင်းမြစ်ဆိပ်ကမ်း နန်ချွန် ဇက်ကူးတို့ဆိပ်သို့ခြေလျင်ကြွရောက်ခဲ့ကြောင်းသိရှိရသည်။
၂၀၁၃ ခုနှစ် ကုန်ပိုင်းတွင် လုံခြုံရေး တာဝန်ကို အာဖဂန် တပ်ဖွဲ့များ လွှဲပြောင်း ရယူမည်
အာဖဂန် အစိုးရတပ်ဖွဲ့ သည် နေတိုး ဦးဆောင်သည့် ညွန့် ပေါင်း တပ်ဖွဲ့များ ထံမှ
လုံခြုံရေး တာဝန် ကို သတ်မှတ် ကာလထက် တစ်နှစ် စောပြီး ၂၀၁၃ခုနှစ်ကုန်ပိုင်းတွင် အ ပြည့်အဝလွှဲပြောင်းယူတော့မည် ဖြစ် ကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အင်္ဂါ နေ့တွင် ပြောကြားခဲ့သည်။

လက်ပန်းတောင်းတောင် စီမံကိန်း ခွင့်ပြု ခဲ့မှု မှားယွင်းဟု ရင်းနှီးမြှုပ်နှံမှု ဥက္ကဋ္ဌ ဝန်ခံ
ရဟန်းရှင်လူ ကျောင်းသား ပြည်သူများ၏ ဆန့်ကျင် ကန့်ကွက်ခြင်း ခံနေရသော လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကို ခွင့်ပြုခဲ့ခြင်းသည် မှားယွင်းကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက နိုဝင်ဘာနောက်ဆုံးပတ်က ဝန်ခံ ပြောကြားသည်။ နိုဝင်ဘာ ၂၄နှင့် ၂၅ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သော မြေယာ ပိုင်ဆိုင် လုပ်ကိုင်ခွင့် အသုံးပြုခွင့် ဆိုင်ရာ အမျိုးသား အဆင့် ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ ရင်းနှီး မြုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌက အထက်ပါ အတိုင်း ဝန်ခံ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုင်းရောက်မြန်မာများကို တရားမဝင် ခိုင်းစေလျှင် ထုတ်ကုန်ဈေးကွက် အထိ ကန့်ကွက်မည်
တရားမဝင် မြန်မာ အလုပ်သမား သန်းဂဏန်း အလုပ် လုပ်ကိုင် လျက်ရှိသော ထိုင်းနိုင်ငံတွင်
မြန်မာ အလုပ်သမား များကို တရားဝင် အလုပ်သမား အဖြစ် မှတ်ပုံတင်ကာ မခိုင်းစေ ပါက ထုတ်ကုန်ဈေးကွက် အထရားမဝင် မြန်မာအလုပ်သမား သန်းဂဏန်း အလုပ် လုပ်ကိုင်လျက် ရှိသော ထိုင်းနိုင်ငံတွင် မြန်မာ အလုပ်သမား များကို တရားဝင် အလုပ်သမား အဖြစ် မှတ်ပုံတင်ကာ မခိုင်းစေပါက ထုတ်ကုန်ဈေးကွက်အထိ လိုက်ကန့်ကွက်မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ပြောကြားသည်။
Subscribe to:
Posts (Atom)