ဂျပန်နိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာတိုင်းရင်းသားများမှ ရခိုင်ပြည် နယ်တွင် ဖြစ်ပေါ် နေသည့် ပဋိပက္ခကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မူဆလင်နိုင်ငံ တချို့တို့မှ သတင်းများ လွဲမှားစွာ လိမ်လည် ထုတ်ပြန်ပြီး ၀င်ရောက်စွက်ဖက်နေမူ အပေါ် ဆန့်ကျင် ကန့်ကွက်ကြောင်း ဆန္ဒပြ ဖေါ်ထုတ်ပွဲ တစ်ရပ်ကို ဂျပန်နိုင်ငံတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။
Friday, September 7, 2012
စစ်တိုင်းမှူးနှင့် တပ်မမှူးများ ပြောင်းရွှေ့
မြန်မာ့ တပ်မတော်အတွင်း မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်းနှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်တိုင်းမှူး အပါအ၀င် တပ်မမှူးများ အပြောင်းအရွှေ့ကို ပြီးခဲ့သည့် သောကြာနေ့က စတင်ပြုလုပ်သည်။
ရန်ကုန်-မန္တလေး လမ်းမကြီးတွင် အရှိန်ထိန်းတိုင်းစက် တပ်မည်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်အရှိန်ထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များကို မောင်းနှင်သွားသည့် အချိန်၊ မောင်းနှင်သွားသည့် အရှိန်နှုန်း၊ GPS တည်နေရာတို့ကို အရှိန်ထိန်း တိုင်းတာမည့် စက်ကိရိယာကို တပ်ဆင်သွားမည်ဟု အမြန်လမ်းမကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်းက ပြောသည်။
ရင်းနှီးမြုပ်နှံမှုဥပဒေကြမ်း ဆွေးနွေးညှိုနှိုင်းကြဆဲ
မြန်မာနိုင်ငံမှာ မကြာခင် ပြဌာန်းဖို့ရှိနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေဆိုင်ရာ ဥပဒေ တရပ် ပြင်ဆင် ရေးဆွဲနေတာမှာ အရင်ကနဲ့မတူတဲ့ ပွင့်လင်းမြင်သာတဲ့ ဆွေးနွေး အကြံပြုမှုတွေနဲ့ သတင်းမီဒီယာတွေမှာ ထုတ်ပြန် ပြောဆိုတာတွေ ရှိခဲ့တဲ့အတွက် သင့်လျော်တဲ့ ဥပဒေ တရပ် ဖြစ်လာနိုင်တယ်လို့ စီးပွားရေး ပညာရှင်တချို့က သုံးသပ်ပါတယ်။ လက်ရှိ ပြောင်းလဲလာတဲ့ အခြေအနေနဲ့ကိုက်ညီတဲ့ ဥပဒေ တရပ်ဖြစ်ဖို့မှာ ဘယ်လို အချက်တွေကို အဓိက ထည့်သွင်းသင့်ပါသလဲ။ ဆက်သွယ် စုံစမ်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။
ရုပ်ရှင် အကယ်ဒမီပေးပွဲ ရန်ကုန်တွင် ပြန်ကျင်းပခွင့် ရရန် စီစဉ်
အကယ်ဒမီ ပေးပွဲအား ရန်ကုန်တွင် ပြန်လည် ကျင်းပ ခွင့်ပြုရန် ပြန်ကြားရေး ဝန်ကြီးထံ တင်ပြထားကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။ “နေပြည်တော်မှာလုပ်တာ အခက်အခဲတွေရှိလို့ ရန်ကုန်မှာ ကျင်းပခွင့် တင်ပြထားတာ ဖြစ်နိုင်ဖွယ် ရှိပါတယ်” ဟု ၎င်းကပြောသည်။ နေပြည်တော်တွင် အကယ်ဒမီပေးပွဲ ကျင်းပခြင်းသည် သိန်းထောင်ချီ ကုန်ကျစရိတ် ရှိနေပြီး အနုပညာရှင်များအား ရုပ်ရှင်အစည်းအရုံးမှ တာဝန်ယူ ပို့ဆောင်ပေးရမှုတွင်လည်း အခက်အခဲ ရှိနေရသည်။ တစ်ဦးချင်းစီ သွားရောက်မှု၌လည်း စားစရိတ်၊ နေစရိတ်၊ ခရီးစရိတ်များ အကြောင်းမဲ့ သက်သက်ကုန်ကျမှု ရှိနေခြင်းကြောင့် အချို့ မတတ်နိုင်သော အနုပညာရှင်များနှင့် ခရီးဝေး မသွားရောက်နိုင်သော သက်ကြီးအနုပညာရှင်များ တက်ရောက်နိုင်ခြင်းမရှိ ဖြစ်နေရကြောင်း သိရသည်။
စင်ကာပူလေကြောင်း မြန်မာနိုင်ငံသို့ နေ့စဉ် ပျံသန်းမည်
မြန်မာနိုင်ငံသို့ ခရီးသွားလာမှု အလျင်အမြန် ကြီးထွား လာခြင်းကို ဖြည့်ဆည်း ရန် စင်ကာပူနိုင်ငံ အမျိုးသားလေကြောင်း Singapore Airlines က မြန်မာနိုင်ငံသို့ နေ့စဉ်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ ၂၈ ရက်နေ့ စတင်မည့် ၀န်ဆောင်မှုတွင် စင်ကာပူလေကြောင်းက ၄င်း၏ လက်ခွဲကုမ္ပဏီဖြစ်သော Silk Air ၏ အချို့ခရီးစဉ်များကို လွှဲပြောင်းရယူမည်ဖြစ်သည်။
လျှပ်စစ်မီတာခ အွန်လိုင်းမှ ပေးချေမှု စတော့မည်
လျှပ်စစ် မီတာခများကို အွန်လိုင်းမှ တဆင့် ပေးဆောင်နိုင်ရေး အတွက် ရတနာပုံ တယ်လီပို့၊ လျှပ်စစ်စွမ်း အားဝန်ကြီးဌာန၊ မြန်မာ့စီးပွားေ၇း ဘဏ်နှင့် ပြည်တွင်း ပုဂ္ဂလိက ဘဏ်တို့ ပူးပေါင်း အကောင် အထည်ဖော်ဆောင်ရွက်သွား မည်ဟု သိရှိရသည်။
Online Electricity Billing System သည် ယခင်အမှတ်၂လျှပ်စစ်ဝန်ကြီးဌာန ရုံးခွဲများ သို့လူကိုယ်တိုင်သွားရောက် တန်းစီပေးသွင်းရသည့် စနစ်ကို အဆင့်မြင့်တင်လိုက်သည့် e-government ဆိုင်ရာအွန်လိုင်းဝန်ဆောင်မှု တစ်ခုဖြစ်သည်။ အင်တာနက်ချိပ်ဆက်နိုင်သောမည်သည့်နေရာမှဖြစ်စေ အွန်လိုင်းစနစ် ဘဏ်များ ၊ငွေသွင်းကောင်တာ များနှင်ချိတ် ဆက်၍ ပေးသွင်းနိုင်ပြီး ၎င်းစနစ်နှင့် ပတ်သက်ပြီး စက်တင်ဘာလ ၆ရက်နေ့တွင် နေပြည်ေ တာ် အမှတ်၂ လျှပ်စစ်ဝန်ကြီး ဌာန၌ နေ့လည် တစ်နာရီ အချိန်မှ စတင်၍ ရတနာပုံ တယ်လီပို့က သက်ဆိုင်ရာသို့ ရှင်းလင်းဆွေးနွေးသွား မည်ဟုသိရှိရသည်။
မြိတ်မြို့နယ်တွင် ငါးနှစ်အောက် ကလေးငယ် များ၌ ခဲဆိပ်သင့် မှုတွေ့
မြိတ်မြို့တွင် နေထိုင်သော ငါးနှစ်အောက် ကလေးငယ် များ၌ ခဲဆိပ် သင့်မှုများ တွေ့ရှိရကြောင်း လုပ်ငန်းခွင် ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေး မှူး ဒေါက်တာ ကြည်လွင်ဦးက ပြောကြားသည်။
မန္တလေးမြို့ ရေစီးရေလာကောင်းမွန်စေရေး ကျပ်နှစ်ဘီလီယံဝန်းကျင်သုံး၍ ဆောင်ရွက်မည်
မန္တလေးမြို့တော်အား ရေစီးရေလာကောင်းမွန်ရန်နှင့် ရေတင်ကျန်မှုများ မဖြစ်ပေါ်စေရန် ထိုင်းနိုင်ငံနှင့် ပူးပေါင်းကာ လေ့လာမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် လမ်းတံတားဌာနမှုးဒေါ်ခင်မင်းဌေးက ဆိုသည်။
ထိုကဲ့သို့ ပြုပြင်မှုများ ၊ ရေမြောင်းများ ထပ်မံတူးဖေါ်မှုများပြုလုပ်ရန်အတွက် ခန့်မှန်းကုန်ကျငွေမှာ မြန်မာ ကျပ်ငွေ (၂)ဘီလျှံခန့်ရှိကြောင်း ၎င်းက ပြောဆိုသည်။
အရန်ဆန်များရောင်းချပေးနေသော်လည်း ဆန်ဈေးနှုန်းသိသိသာသာကျဆင်းခြင်းမရှိ
ဆန်ဈေးကွက်တွင်း ဈေးနူန်းတည်ငြိမ်သည်အထိ အရန်ဆန်များ ထုတ်လုပ်ရောင်းချရန် ရည်ရွယ် ရောင်းချနေသော်လည်း ဈေးကွက်အတွင်းဆန်ဈေးနှုန်းသိသိသာသာ ကျဆင်းသွားခြင်း မရှိကြောင်း သိရှိရသည်။
“လုံလောက်တဲ့ ဈေးကွက်အနေအထား ရောက်တဲ့အချိန်အထိ ထုတ်ရောင်းသွားမှာပါ။ အန်ကယ်တို့ လက်ဝယ် သိုလှောင် ထားတာတွေတင်မကဘူး တခြားကရဖို့နည်းလမ်းတွေလည်းရှိတယ်”ဟု မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးချစ်ခိုင်ကပြောသည်။
အထူးစီမံချက်(၅၃)ကြောင့် ဘတ်စ်ကားစီးခရီးသည်များ ခရီးသွားလာမှု အဆင်ပြေ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များအား အထူးစီမံချက်(၅၃)ချက်ဖြင့် ဖမ်းဆီး ထိန်းသိမ်းအရေးယူမှုများကြောင့် ခရီးသည်များအတွက် ခရီးသွားလာမူအဆင်ပြေလာကြောင်း သိရှိရသည်။
“စီမံချက်က ဟိုအရင်ကတည်းက ရှိသင့်တယ်။ အခုလိုအထူးက အထူးကားလိုမောင်းလာတာဆိုတော့ ဒီလို စည်းကမ်းထိန်းသိမ်းမူမျိုးက ကောင်းပါတယ်။ သွားလာ ရတာအဆင်ပြေလာတယ်။”ဟု မြောက်ဥက္ကလာပမှ ကြည့်မြင်တိုင်သို့ နေ့စဉ်သွားလာနေသူ ကိုဝင်းလွင်က ပြောသည်။
ယာဉ်ကြောပိတ်ဆို့မှုအား ဘက်စုံထောင့်စုံက ကြည့်ကြရန် မထသတိုက်တွန်း
ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ ယာဉ်များစည်းကမ်းရှိစွာမောင်းနှင်ကြရန်နှိုးဆော်နေသည်မှာ (၇)နှစ်ခန့်ရှိပြီဖြစ်သော်လည်း ယာဉ်မောင်းများအနေဖြင့် စည်းကမ်းလိုက်နာခြင်း မရှိသေးကြောင်း သိရှိရသည်။
ထိုတိုက်တွန်းနှိုးဆော်ချက်မှာ ၂ဝဝ၅(ဇွန်)တွင် တစ်ကြိမ်နှင့် ၂ဝဝ၇(မတ်)တွင် တစ်ကြိမ် တိုက်တွန်းနှိုးဆော်ခဲ့ခြင်း ဖြစ်သည်။
သုံးထောင်တန်နှင့်ငါးထောင်တန် ကြိုတင်ငွေဖြည့်ကဒ်များ ထွက်လာတော့မည်
ကြိုတင်ငွေဖြည့်ကဒ်များအားပြည်သူများ အလွယ်တကူအသုံးပြုနိုင်ရန်အတွက် ကျပ်သုံးထောင်တန်နှင့် ကျပ်ငါးထောင်းတန် ကြိုတင်ငွေဖြည့်ကဒ်များ ထုတ်လုပ်ရန် စီစဉ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကသိရှိရသည်။
ချယ်ရီကား ကျောက်ဂွမ်း မပါဝင်ဟုဆို
ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ချယ်ရီ ကျူကျူကားများတွင် အဆုတ် ကင်ဆာကို ဖြစ်စေနိုင်သည့် ကျောက်ဂွမ်း Asbestos မပါဝင်ကြောင်း ကြာသပတေးနေ့ထုတ် နိုင်ငံပိုင် သတင်းစာများ တွင် စက်မှုဝန်ကြီးဌာန၏ အရာရှိတဦးကို ကိုးကား၍ ဖေါ်ပြပါရှိလာသည်။
အခြေခံပညာရေး ဝန်ထမ်းများအား ယခုလမှစတင်၍လစာတိုး
ရန်ကုန် (မဇ္ဈိမ) ။ ။ အခြေခံပညာဦးစီးဌာနအောက် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်မှ မြို့နယ်အဆင့်အထိ စီမံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာပညာရေး ဝန်ထမ်းများနှင့် ဆရာဆရာမအား လက်ရှိရာထူး၏ တစ်ဆင့်တိုးလစာများ အတိုင်း တိုးမြှင့်ပေးသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၃ အခြေခံ ပညာဦးစီးဌာနကပြောသည်။
Subscribe to:
Posts (Atom)