Monday, May 7, 2012
မူရင်းဈေးအတိုင်းရောင်းချမည့် ဖုန်းဆိုင် ၅ ဆိုင်ကို မြန်မာ့ဆက်သွယ်ရေးက စတင်ဖွင့်လှစ်
![]() |
| တန်းဖိုးနည်းဖုန်းရောင်းဆိုင် (ဓါတ်ပုံ-Google Images) |
နိုင်ငံခြားငွေ ဘဏ်စာရင်းရှိသူတိုင်း ၂၀၀၇ ခုနှစ်နဲ့အထက်မိုဒယ်ကား တင်သွင်းခွင့်ပြုမည်
မေလ ၇ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်စိုးလင်း (YPI)
နိုင်ငံခြားငွေ ဘဏ်စာရင်းရှိသူ မြန်မာနိုင်ငံသားတိုင်း ၂၀၀၇ ခုနှစ်အထက်
မိုဒယ် အိမ်စီးကားများ တင်သွင်းခွင့်ပြုတော့မည်ဟု ယနေ့မွန်းလွဲ ၂ နာရီ
နေပြည်တော် စီးပွားကူးသန်းဝန်ကြီးဋ္ဌာနတွင် ပြုလုပ်သည့်
သတင်းစာရှင်းလင်းပွဲတွင် စီးပွားကူးသန်းဝန်ကြီးဋ္ဌာန ၀န်ကြီး ဦးဝင်းမြင့်က
ပြောကြားလိုက်သည်။
နိုင်ငံခြားငွေ ဘဏ်စာရင်းရှိသူ မြန်မာနိုင်ငံသားတိုင်း ၂၀၀၇ ခုနှစ်အထက် မိုဒယ် အိမ်စီးကားများ တင်သွင်းခွင့်ပြုတော့မည်ဟု ယနေ့မွန်းလွဲ ၂ နာရီ နေပြည်တော် စီးပွားကူးသန်းဝန်ကြီးဋ္ဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စီးပွားကူးသန်းဝန်ကြီးဋ္ဌာန ၀န်ကြီး ဦးဝင်းမြင့်က ပြောကြားလိုက်သည်။
ပြည်ပမှ ဆန်ဝယ်လိုအား ကျဆင်းနေခြင်းက တောင်သူများအပေါ် ထိခိုက်မှုရှိ
မေ(၇)ရက်၊၂၀၁၂ခုနှစ်။
ဆန်ဈေးကွက်တွင်း ပြည်ပ၀ယ်လိုအားကျဆင်းလာခြင်းကြောင့် Export လုပ်ငန်းများရပ်နားထားပြီး စိုက်ပျိုး တောင်သူများ အပေါ်ထိခိုက်မူများရှိလာကြောင်း ဆန်ကုန်သည်မျာထံက သိရသည်။
မြေအောက်ကြိုးများ ထိခိုက်မိခြင်းကြောင့် ရန်ကုန်တွင် အင်တာနက်မြန်နှုန်းကျဆင်း
မေ(၇)ရက် ၊ ရန်ကုန်မြို့။
လှည်းတန်းကုန်းကျော်တံတားတည်ဆောက်ရာတွင် မြေအောက်ကေဘဲလ်ကြိုးများ ထိခိုက်မိသောကြောင့် ရန်ကုန်တိုင်းအတွင်းရှိ အင်တာနက်ဆိုင်များနှင့် ဖုန်းအင်တာနက်မြန်နှုန်း ကျဆင်းနေခြင်းဖြစ်ကြောင်း သိရှိ ရသည်။
Global Heritage Fund ၏ အာရှတိုက်မှ စိုးရိမ်ဖွယ်ရာ ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ် (၁၀) ခု စာရင်းတွင် ရခိုင်မှ မြောက်ဦးမြို့ ပါဝင်
Global Heritage Fund ဟု ခေါ်သော
ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့ က ထုတ်ပြန်သော အစီရင်ခံစာတွင် ရခိုင်
ရှေးဟောင်း မင်းနေပြည်တော် မြောက်ဦးမြို့ကို အာရှတိုက်မှ စိုးရိမ်ဖွယ်ရာ
အခြေအနေနှင့် ရင်ဆိုင်နေရသော ယဉ်ကျေးမူ အမွေအနှစ် ၁၀ ခုထဲတွင် ထည့်သွင်း
ဖေါ်ပြထားသည်။
စစ်တွေမှ ဈေးသည်များ ၀န်ကြီးချုပ် နေအိမ်ထိ ချီတက်တောင်းဆို
စစ်တွေမြို့ နာဇီရွာဈေးက ဈေးသည် ၆၀ ခန့်သည်
တနင်္ဂနွေနေ့ နံနက်က ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် အိမ်ထိ
ချီတက်ပြီး သူတို့ ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်း ပေးရန်
တောင်းဆိုခဲ့ကြသည်။


ပြုပြင်ပြောင်းလဲရေး အငြင်းပွားမှု ကြောင့် ဒုသမ္မတနုတ်ထွက်
လက်ရှိအစိုးရအဖွဲ့ထဲမှာ သဘောထားတင်းမာသူလို့ နံမယ်ကြီးတဲ့ ဒုသမ္မတ
ဦးတင်အောင်မြင့်ဦး ရာထူးကနေ နှုတ်ထွက်သွားကြောင်း မေလ (၇) ရက်နေ့
ရန်ကုန်ကပေးပို့တဲ့ Asian News International သတင်းမှာ ရေး သားထားပါတယ်။
အသက် ၆၁ နှစ်အရွယ်ရှိ ဥိးတင်အောင်မြင့်ဥိးဟာ သမ္မတဥိးသိန်းစိန်
ခေါင်းဆောင်တဲ့ လက်ရှိ အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးလုပ်လိုသူတွေနဲ့
သဘောထားတင်းမာသူတွေအကြား အငြင်းပွားမှု ကြောင့် အခုလို
နှုတ်ထွက်သွားတာလို့ သတင်းမှာ ရေးထားပါတယ်။
ကုလားတန်စီမံကိန်းက ပိုင်ရိုက်သံများကြောင့် လူနာများအတွက် စိုးရိမ်နေရ
ဆောက်လုပ်နေသောစစ်တွေဆိပ်ကမ်းစီမံကိန်းအတွင်းက
ပိုင်ရိုက်သံများကြောင်းစစ်တွေဆေးရုံကြီးမှ လူနာ နှင့် လူနာစောင့်များ၊
ဒေသခံများက စိတ်သောကရောက်လျက်ရှိကြောင်း သိရှိရသည်။
“အခုဆောက်လုပ်နေတဲ့ ကုလားတန်စီမံကိန်းစစ်တွေဆိပ်ကမ်းလုပ်ငန်းခွင်ကထွက်လာတဲ့ ပိုင်ရိုက်သံ တွေ ကြောင့် အနီးအနား
မှာရှိတဲ့ လူထုတွေမနေနိုင်ဘူးဖြစ်နေတယ်၊ အသံကတ အားကျယ်လောင် တယ်ဆိုတော့
လူတွေ မနေနိုင်ဘူး’’ဟု ကျေးပင်ကြီး ရပ်ကွက်မှ ဒေသတစ်ဦးကပြောသည်။
ဆောက်လုပ်နေသည့်
စစ်တွေကုလားတန်စီမံကိန်းသည် စစ်တွေဆေးရုံကြီးနှင့် ကိုက်တစ်ရာကျော်သာ ကွာ
ဝေးသဖြင့် စီမံကိန်းမှ ထွက်လာသည့် အသံများကြောင်း ဆေးရုံရှိလူနာများ နှင့်
လူနာစောင့်များ စိတ်မချမ်းသာ ဖြစ်နေရကြောင်း မျက်စိကုသဆောင်က
လူနာစောင့်တစ်ဦးကပြောသည်။
ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုကြောင့် ဘတ်စ်ကားအသွားအလာကျဲပါးသွားပြီး ခရီးသည်များအခက်ကြုံခဲ့
ထန်းတပင်မြို့နယ်တွင်
သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပွားခြင်းကြောင့် ဂတ်စ်ဖြင့်
မောင်း နှင်သော လိုင်းကားအချို့နှင့် Taxiကားများမှာ သဘာဝဓာတ်ငွေ့ရရှိရန်
ခက်ခဲကာ ကားသွားလာမှု နည်းပါးသွားပြီး ခရီးသည်များ အခက်အခဲကြုံတွေ့ခဲ့ရသည်။
မေလ(၅)ရက်နေ့ ညနေပိုင်းက ထန်းတပင်မြို့နယ်တွင် သဘာဝဓါတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု့ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။
ဧရာဝတီတိုင်းတွင် နွေစပါးဈေးများ ဆက်တိုက်ကျဆင်းနေ
တရုတ်မိုဘိုင်းဖုန်းနှင့်ငွေဖြည့်ကတ်များပစ္စည်းပြတ်သည်အထိ ရောင်းအားကောင်းနေ
မိုဘိုင်းတယ်လီဖုန်းလိုင်းသန်း(၃၀)စီမံချက်မှ
ကနဦးစီမံကိန်းအရ ကျပ်နှစ်သိန်းတန်နှင့် နှစ်သိန်းခွဲတန်မိုဘိုင်း
ဖုန်းကဒ်များ ချထားပေးရာတွင် တရုတ်နိုင်ငံထုတ်
မိုဘိုင်းဖုန်းနှင့်ငွေဖြည့်ကတ်များသည် ပစ္စည်းပြတ်လပ်သည် အထိ
ရောင်းအားကောင်း လျက်ရှိကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်များက
သိရှိရသည်။


ပြည်ခိုင်ဖြိုးပါတီက တရုတ်ဆရာဝန်များနှင့်ပေါင်း၍ အခမဲ့မျက်စိခွဲစိတ်ကုသမည်
တရုတ်နိုင်ငံဆရာဝန်များနှင့် ပြည်ခိုင်ဖြိုးပါတီဝင်ဆရာဝန်များပူးပေါင်း၍ မျက်စိအတွင်းတိမ်စွဲခြင်း ရောဂါ ဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ပေးမည်ဖြစ်သည်။

ဒုတိယ သမ္မတ နုတ်ထွက်စာတင်ပြီလား
ဒုတိယ သမ္မတ နုတ်ထွက်စာတင်ပြီလား
Subscribe to:
Posts (Atom)





