2012-11-30
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ရဟန်းရှင်လူတွေကို အကြမ်းဖက်ဖြိုခွဲမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ထိုင်းနိုင်ငံရောက် စာသင်သား မြန်မာသံဃာတော် အပါး(၈ဝ)ခန့်က ဒီကနေ့မွန်းလွဲ(၁)နာရီကျော်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ နာရီဝက်ကြာ စုရုံးဆန္ဒပြခဲ့ကြပါတယ်။
ယခု အကြမ်းဖက်မှုအတွက် သံဃာနှင့်ပြည်သူကို အမြန်ဆုံးပြန်လည်တောင်းပန်ပါ၊ လက်ပန်းတောင်းတောင် အကြမ်းဖက်မှုများ ချက်ခြင်းရပ်၊ လူအချင်းချင်း ညှဉ်းဆဲခြင်း ကင်းရှင်းကြပါစေ စတဲ့ပိုစတာတွေ ကိုင်ဆောင်ပြီး ဆန္ဒပြတောင်းဆိုကြတာ ဖြစ်ပါတယ်၊ ဆန္ဒပြရတဲ့အကြောင်းရင်းနဲ့ ပတ်သက်လို့ အရှင်ဦးသြသရက သမ္မတဦးသိန်းစိန်ထံပေးပို့တဲ့ သံဃာတော်များရဲ့ကြေညာချက်ကို အခုလို ဖတ်ကြားပါတယ်။

HIV, AIDS ရောဂါသည်များ အပေါ် ခွဲခြား ဆက်ဆံမှု ပပျောက်ရေး အတွက် ကုလသမဂ္ဂ
မြန်မာနိုင်ငံ တွင် မိုင်း အသုံးပြုခြင်းနှင့် မိုင်းထုတ်လုပ်ခြင်း များအား အရပ်သား ပြည်သူများပါ အသုံးပြု လျက်ရှိသည်ကို လေ့လာတွေ့ရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံ မြေမြှုပ်မိုင်း အသုံးပြုမှု စောင့်ကြည့် လေ့လာရေး အစီရင်ခံ စာတွင် ဖော်ပြပါရှိသည်။