Wednesday, August 29, 2012

ရှမ်း ဒုက္ခသည်များ ပြန်မပို့ရေး တိုက်တွန်း


ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် ခရိုင် ၀င်ဟယ် မြို့နယ် အတွင်းရှိ ကုန်းကျော် ဒုက္ခသည်စခန်းမှ ရှမ်း ဒုက္ခသည် ၅၀၀ ခန့်ကို မြန်မာနိုင်ငံသို့ ပြန်မပို့ရန် ရှမ်းလူထု အခြေပြုအဖွဲ့များက ယမန်နေ့က သက်ဆိုင်ရာ တာဝန်ရှိသူများကို တိုက်တွန်း လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFPA ဒါရိုက်တာ Dr.Babatunde Osotimehin တို့ တွေ့ဆုံ



ကမာကဆစ် ဈေးမှာ လူခွန် ကောက်ခံနေ



မောင်တောဈေးတွင် အငယ်စား မီးလောင်မှု ဖြစ်ပွား



ရခိုင်ပြည်နယ် မောင်တောဈေးကြီး မဖွင့်မီ တစ်နေ့အလို ယမန်နေ့ ညနေပိုင်းက ဘင်္ဂလီ အမျိုးသားပိုင် ဆိုင်တဆိုင်တွင်  အသေးစား မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ သည်။

စစ်တပ်သားများ၏ ၀ိုင်းဝန်း ထိုးကြိတ်မူကြောင့် စစ်တွေ သဲချောင်း အုပ်ချုပ်ရေးမှူး အစ်ကိုအကြီးဆုံး ဆေးရုံတင်ရ


ရခိုင်ပြည်နယ် စစ်တွေ သဲချောင်းတွင် တာဝန်ကျနေသော စစ်သားများ၏ ညှဉ်းပမ်းနှိပ်စက် ထိုးကြိတ်မူကြောင့် သဲချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ အစ်ကို အကြီးဆုံး ဖြစ်သူ ဦးအောင်ဆွေကို စစ်တွေ ဆေးရုံကြီးသို့ တင်ပို့လိုက်ရသည်ဟု သိရသည်။

အခြေခံလူတန်းစားများ တရားရင်ဆိုင်နိုင်ရန် ရုံးခွန်တော်က အတားအဆီးဖြစ်နေ


အခြေခံလူတန်းစားများအနေဖြင့် မတရားမူများအား တရားစွဲဆိုရာတွင်  ခုံရုံးအခွန်အခက်အခဲများကြောင့် တရားစွဲဆိုရန်အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။

''လယ်သမားတွေမှာက  စားဖို့တောင်အနိုင်နိုင်လုပ်နေရတာ ကျွန်တော်တို့မတရားခံရတာကို တရားစွဲဖို့ဆိုရင် ကုန်ပေါက် ချည်းပဲ  ရှေ့နေငှားခလဲပေးရမယ် ပြီးရင်ဘာကြေးညာကြေးတောင်းအုံးမယ် အဲ့ဒါကြောင့် တရားစွဲဖို့ မဖြစ်နိုင်ပါဘူး '' ဟု ဒဂုံမြို့သစ်ဆိပ်ကမ်းမှ လယ်မြေများအသိမ်းခံသော လယ်လုပ်ကိုင်သူတစ်ဦးကပြောသည်။

အာဆီယံလမ်းမကြီးဖြတ်သန်းမည့် နောင်ချိုအိမ်ခြံမြေဈေး ကျပ်သိန်းထောင်ချီရောက်ရှိ


ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ကိုဖြတ်၍ အာဆီယံလမ်းမကြီး ဖောက်လုပ်မည်ဆိုသော သတင်းများကြောင့်  နောင်ချို အိမ်ခြံမြေဈေးကွက်မှာ ပေ(၆ဝ-၈ဝ)တစ်ကွက်လျှင် ကျပ်သိန်းထောင်ချီ၍ မြင့်တက်လာခဲ့သည်။

EXAM PARTY များတွင် SEXY DANCE ထည့်သွင်းလာ၍ မိဘများ စိုးရိမ်ပူပန်မှုမြင့်တက်


ကျောင်းသားလူငယ်များအနေဖြင့် စာမေးပွဲဖြေခါနီး စိတ်အပန်းဖြေရန် ရည်ရွယ်ချက်ဖြင့် တက်ရောက်လေ့ရှိသော EXAM PARTY များတွင် စီးပွားရေးလုပ်ငန်းရှင်များက SEXY DANCE COMPETITION များပါထည့်သွင်းလာသည့်အတွက် မိဘများအနေဖြင့် စိုးရိမ်ပူပန်လျှက်ရှိ ကြောင်း သိရှိရသည်။

နာရေး ကူညီမှု အသင်း(ရန်ကုန်) Website အား Tun new technology မှ ရေးဆွဲ လှူဒါန်း

နာရေး ကူညီမှု အသင်း(ရန်ကုန်) Website အား Tun new technology မှ ရေးဆွဲ လှူဒါန်း
၂၇.၈.၂ဝ၁၂ ရက်နေ့ နေ့လည်ပိုင်း၌ Tun new technology co.,ltd. (TNT) မှ ရေးဆွဲ လှူဒါန်း ပေးခဲ့သော နာရေး ကူညီမှု အသင်း (ရန်ကုန်)၏ အသင်းပိုင် ဝက်ဘ်ဆိုဒ် www.ffssyangon.org  အား စတင် လွှင့်တင်ခြင်းနှင့် စာနယ်ဇင်း မိတ်ဆက်ခြင်း 
အခမ်းအနားအား နာရေး ကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

မြန်မာ-ဂျပန် လိဂ် အသင်းများ အကျိုးတူ ပူးပေါင်းရန် လက်မှတ်ရေးထိုး


မြန်မာနိုင်ငံနှင့် ရင်းနှီးစွာ ဆက်ဆံ လာနေပြီး ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ တွင် ခြေလှမ်း သွက် နေသည့် ကမ္ဘာ့ စီးပွားရေး အင်အားကြီး ဂျပန်နိုင်ငံမှ လိဂ် အသင်း များနှင့် မြန်မာ နေရှင်နယ်လိဂ် အသင်းများတို့သည် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် ရန်ကုန်မြို့တွင် ယနေ့ လက်မှတ် ရေးထိုးခဲ့ ကြသည်။

AGD ဘဏ် လူတစ်ဦးလျင် ကန်ဒေါ်လာ တစ်ထောင်သာ လဲလှယ် ပေးတော့မည်


အာရှ စိမ်းလန်း မှုဖွံ့ဖြိုးရေး (AGD)ဘဏ်၏ နိုင်ငံခြားငွေ လဲကောင်တာ များတွင် သြ ဂုတ်၂၈တွင်စတင်၍ တုံကင် စနစ်၊ ငွေပမာဏ ကန့်သတ်ဝယ်ယူခြင်း တို့ဖြင့် ဆောင်ရွက် မည်ဟု သိရသည်။

တောင်ဥက္ကလာတွင် ရဲတစ်ဦး ကားတိုက် ခံရ၍ သေဆုံး


ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပ မြို့နယ် ရဲ တပ်ကြပ် စီးနင်း လာသည့် မော်တော် ဆိုင်ကယ်နှင့် ကိုယ်ပိုင်ယာဉ် တစ်စီး တိုက်မိရာမှ ရဲတပ်ကြပ် တစ်ဦး သေဆုံး သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံ ပို့ဆောင်ရေးစီမံကိန်း ဂျပန် တစ်နှစ်အတွင်း ရေးဆွဲမည်


မြန်မာ တစ်နိုင်ငံ လုံး၏ ပို့ဆောင်ရေး ကဏ္ဍနှင့် ပတ်သက်သော အမျိုးသား အဆင့် ပို့ဆောင်ရေး စီမံကိန်း (National Fransport Development Plan) ကိုဂျပန်နိုင် ငံတကာ ပူးပေါင်းရေး အေဂျင်စီ (JICA) က တစ်နှစ်အတွင်း အကောင်အထည် ဖော်ရေးဆွဲမည် ဖြစ်ကြောင်း ယင်း အေဂျင်စီမှ မြန်မာပြည် ကိုယ်စားလှယ် Matsuoak Hajime က အတည်ပြု ပြောကြားသည်။

ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀ဝလျှင် ကျပ်တစ်သိန်းခန့်တက်၊ ဆန်လှောင်သူ များပြား


မြန်မာနိုင်ငံ အလယ်ပိုင်း စပါးကျီ ဖြစ်သော ရွှေဘို ဒေသတွင် စိုက်ပျိုး သော ရွှေဘိုပေါ်ဆန်း တင်း ၁၀ဝ လျှင် ကျပ်တစ်သိန်းခန့် မြင့်တက်လာပြီး ရန်ကုန်ဈေးကွက် အတွင်း ရွှေဘို ပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၀ဝ၀ ခန့်မြင့်တက်လာကြောင်း ဆန်စပါးကုန်စည် ဒိုင်မှ ဝါရင့်ဆန်ရောင်းဝယ်သူ တစ်ဦးက ပြောကြားသည်။

မြောင်းမြ ခလရ ၉၃ သိမ်းထားသည့် ခြံများတွင် ဇွတ်ဝင်စိုက်မည်

ရန်ကုန် (မဇ္ဈိမ) ။       ။ ဧရာဝတီတိုင်း၊ မြောင်းမြမြို့အခြေစိုက် ခြေလျင်တပ်ရင်း ၉၃ မှ ၁၉၉၆ ခုနှစ်ကတည်းက သိမ်းယူထားသော နှစ်ရှည်ပင်စိုက် ခြံဧက ၂ဝဝ တွင် အသိမ်းခံ မူလခြံပိုင်ရှင်များက သီးနှံများ ပြန်လည်စိုက်ပျိုးရန်
ပြင်ဆင်နေကြသည်။