Thursday, April 25, 2013

မန္တလေးမြို့ ၀န်းကျင်တွင် ဧပြီ ၂၂ ရက်နေ့ ညပိုင်းက လေပြင်းတိုက်ခတ်ခဲ့ပြီး သက်တမ်းရင့် အပင်အချို့ ပြိုလဲခြင်း၊ နေအိမ်အချို့ ပျက်စီးခြင်းနှင့် လူအချို့ ထိခိုက်ဒဏ်ရာရရှိ


4.24.5

လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲသွားသော သစ်ပင်ကြီးများနှင့် အဆောက်အဦးများအား ရှင်းလင်းမှု ပြုလုပ်နေစဉ်

မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ ၀န်းကျင်တွင် ဧပြီ ၂၂ ရက် ညပိုင်းက မိုးသက်လေပြင်း ကျရောက်ခဲ့မှုကြောင့် ကြော်ငြာဆိုင်းဘုတ်၊ လျပ်စစ်မီးတိုင်နှင့် သက်တမ်းရင့် သစ်ပင်အချို့ ပြိုလဲရာမှ နေအိမ်များ ပျက်စီးခြင်းနှင့် လူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

မန္တလေးမြို့တွင် ည ၉ နာရီ ၀န်းကျင်ခန့်က မိုးသက်လေပြင်းများ ကျရောက်ခဲ့ပြီး မြို့တွင်းရှိ ကြော်ငြာဆိုင်းဘုတ်၊ လျပ်စစ်မီးတိုင်နှင့် သစ်ပင်အချို့ ပြိုလဲခဲ့ကာ ၉ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် အမရပူရမြို့နယ် ငယ်တိုးတိုက်နယ် ဈေးကုန်းရပ်ရှိ သက်တမ်းရင့် လက်ပံပင်ကြီးမှာ လူနေအိမ် သုံးလုံးပေါ်သို့ လဲကျခဲ့ပြီး နေအိမ်အတွင်းရှိ ၄၅ နှစ်အရွယ် အမျိုးသမီးနှင့် ၁၂ နှစ်အရွယ် ယောက်ျားလေး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

''လေတိုက်ပြီး တောက်လျောက် ဖြစ်တာပဲ။ အသံမကြားဘဲ ရုတ်တရက် ကျိုးကျတာ၊ အရင်နှစ်တွေက တိုက်တဲ့လေဆို ဒီထက်ကြမ်းပေမယ့် ဒီလောက်မဖြစ်ခဲ့ဘူး။ အပင်ကြီးက လူခုနစ်ယောက် ဖက်စာလောက် ရှိတယ်။ အပင်ရဲ့ သက်တမ်းကတော့ အနည်းဆုံး နှစ်ငါးဆယ်အောက် မလျိုဘူး'' ဟု ငယ်တိုးကျေးရွာမှ ဒေသခံ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ သစ်ပင်ကြီး ပြိုလဲခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသည့် အမျိုးသမီးနှင့် ကလေးငယ်ကို ညတွင်းချင်း မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသည့် ကလေးငယ်မှာ ဧပြီ ၂၃ ရက်တွင် ဆေးရုံမှ ပြန်လည် ဆင်းသက်လာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင်လည်း လေပြင်းတိုက်ခတ်မှုနှင့် ပတ်သက်၍ မြို့သစ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ''စစ်ကိုင်းတောင် တက်တဲ့လမ်း တစ်လျောက်မှာ မီးတိုင်ငါးတိုင် လဲကျပြီး သစ်ပင်ကြီး သုံးပင်လောက် ပင်စည်ကနေ ကျိုးကျခဲ့တယ်။ မြို့ထဲမှာဆိုရင် ညောင်ပင်ကြီးက အကိုင်းအခက်တွေ ကျိုးကျပြီး ကွန်ပျူတာဆိုင်တစ်ဆိုင် ပိကျသွားတယ်။ နေရာတော်တော် များများမှာ သစ်ပင်ပြိုလဲမှု တွေရှိပါတယ်'' ဟု ပြောပါသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။