Saturday, April 27, 2013

ရွှေသတ္တုတူးဖော်ရာ လုပ်ကွက်ဒေသ၌ပင် ရွှေဈေးကျဆင်းနေ

သင်္ကြန်ပြီးနောက်ပိုင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွှေတူးဖော်ရာလုပ်ကွက်များ၌ပင် ရွှေဈေး ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်ရှိ  မိုးကုတ်မြို့နယ်၊ သပိတ်ကျင်း၊ စဉ်ကူးမြို့နယ်၊ မတ္တရာမြို့နယ် ၊ ပြင်ဦးလွင်မြို့နယ် မြို့နယ်များ၌ ရွှေသတ္တုတူးဖော် ရေးလုပ်ငန်းများလုပ်ကိုင်လျှက်ရှိရာ အဆိုပါဒေသများ၌ မျောတိုက်၍ ရရှိသည့်ရွှေမှာ ကောက်ခံရရှိသည့် ရွှေထက် ဈေးပိုရကြောင်းကိုလည်း လုပ်ငန်းရှင်တို့က ဆိုသည်။

 

"အခါတွင်းကတော့ ဈေးမဖွင့်လို့မသိဘူး၊ သင်္ကြန်တွင်းက ၆သိန်းခွဲအောက်ဆင်းခဲ့တဲ့ရွှေဈေးက အခါပြီး နောက်ပိုင်း ၆သိန်း၆သောင်း ကနေ ၆သိန်း၉သောင်းပတ်ချာလည်အထိ ဖြစ်နေကျနေတယ်"ဟု ကျဉ်တောက် ပေါက်ကျေးရွာမှ ရွှေကောက်ခံသူတစ်ဦးက ပြောသည်။

 

ရွှေလုပ်ကွက်များရှိ ရွှေကောက်ခံသူများအနေဖြင့် အရိုင်းမီးကင်အခေါက်ဈေးနှင့် အခေါက်ရွှေဈေးမှာ ကျပ်(၅)ထောင်ဝန်းကျင်သာ ဈေးခွာ၍ရကြောင်းကိုလည်း သိရသည်။

 

ရွှေတူးဖော်သန့်စင်ရေးလုပ်ငန်းများ၌ ရွှေကို ပြဒါး(မာကျူရီသုံး၍)ဖမ်းခြင်း၊ ထို့နောက် ဓါတုဆေးပါး တစ်မျိုးဖြစ်သည့် ဆိုင်ရာနိုက်နှင့် ချက်သည့်အခါ ခဲ၊သံငွေ၊ ဘော်နှင့်ရွှေသတ္တုမှန်သမျှ အကုန်ပြန် ကျလေ့ရှိကြောင်း၊ အဆိုပါစွန့်ပစ် အင်ချေးများအား မိုက်လုပ်ငန်း (ခဲနှင့် ဆွဲသည့်) ရွှေသန့်စင်လုပ်ငန်း များလည်းရှိကြောင်း   ရှောက်ပင်ရိုးကျေးရွာ အုပ်စုရှိ ဒေသခံတို့က ဆိုသည်။  

 

"မီးလင်းဈေးက့  ၆၈၅၀၀၀ ပဲရှိတယ်ဆိုတော့ ရွှေဈေးက တအားကျနေတယ်"ဟု ငါးပြားပေးကျေးရွာမှ မိုက်လုပ်ငန်းရှင်ကိုဇော်ဝင်းနိုင်က ပြောသည်။

 

၎င်းတို့ ရွှေတူးဖော်လုပ်ကွက်ရှိရာ ဒေသများမှ ထွက်ရှိသည့်ရွှေများကို မန္တလေးအောင်သမာဓိ၊ ၀ိန့်စိန် အစရှိသည့် မန္တလေးရွှေဆိုင်ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်းကိုလည်း သိရသည်။

 

ရန်ကုန်၌ ပြီးခဲ့သည့်လက ကျပ် ၇၄၃၈၀၀ (၁၆ပဲရည်)၊ ကျပ် ၆၉၇၉၀၀(၁၅ပဲရည်) ဖြင့်ဈေးပိတ်ခဲ့သည့် ရွှေဈေး မှာ ယနေ့ ၁၆ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၇၁၁၀၀၀ နှင့် ၁၅ပဲရည်မှာ ကျပ် ၆၇၃၀၀၀ ဈေးရှိကြောင်း အောင်သမာဓိရွှေဆိုင်က သိရသည်။

 

http://www.myitmakhamediagroup.com/administratorpanel/image/26-04-13-9%20(2).JPG

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။