Saturday, April 27, 2013

မြောက်ကိုရီးယား ဒုံးကျည် ဧပြီလ မကုန်မီ ပစ်လွှတ်ဖွယ်ရှိ

ap north korea missilesလွန်ခဲ့သော နှစ်ပတ်ခန့်က တောင်ကိုရီးယားနှင့် အမေရိကန် တပ်များအား စစ်ရေး ပြင်ဆင်ရန် အနေအထားသို့ ရောက်ရှိ ခဲ့ရသော မြောက် ကိုရီးယားနိုင်ငံ ဒုံးကျဉ် စမ်းသပ် ပစ်လွှတ်မည့် အစီအစဉ်အား ဇူလှိုင်လသို့ ရွှေ့ပြောင်းလိုက်ဖွယ် ရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောကြား သွားခဲ့သည်ဟု အေအက်ပီ သတင်းဌာနက သတင်း ဖော်ပြခဲ့သည်။

ကိုရီးယား ကျွန်းဆွယ် တင်းမာမှုများ မြင့်မားလာစေသည့် မြောက်ကိုရီးယား နိုင်ငံ၏ တာဝေးပစ် ဒုံးကျည်များအား ရွှေ့ပြောင်းထားလိုက်ပြီ ဖြစ်ကြောင်း၊ တောင်ကိုရီးယား ထောက်လှမ်းရေး အဖွဲ့မှ ပြောကြားသွားခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံအား တည်ထောင်ခဲ့သူ ကင်အီးဆွန်း၏ မွေးနေ့ ဧပြီ ၁၅ ရက်နေ့တွင် ဒုံးကျည် စမ်းသပ်မှုများ ပြုလုပ် ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများမှ ကြိုတင်ခန်းမှန်း ခဲ့ကြသော်လည်း စမ်းသပ်မှု ဖြစ်မလာခဲ့ပေ။ သို့သော်လည်း မြောက်ကိုရီးယားတပ် တည်ထောင်သည့် နှစ်ပတ်လည် ဧပြီ ၃၀ ရက်နေ့တွင် ဒုံးကျည်စမ်းသပ် ပစ်လွှတ် ဖွယ်ရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ကင်မင်ဆော့မ်မှ ပြောကြား ခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။