Saturday, April 27, 2013

TELENOR GROUP မိုဘိုင်းမှ ဘဏ်စနစ်ရရန် ကြိုးပမ်းမည်

ရန်ကုန်(မဇ္ဈိမ)။     ။ မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနမှ တင်ဒါဝင်ရောက် ယှဉ်ပြိုင်ထားသည့် TELENOR GROUP  အနေဖြင့် အော်ပရေတာ တင်ဒါ အောင်ပါက မိုဘိုင်းစနစ်နှင့် ဘဏ်စနစ် ချိတ်ဆက်မှု ရရှိရန် ကြိုးပမ်းသွား မည် ဖြစ်ကြောင်း ယနေ့မနက် ၁၁ နာရီ တွင် TRADER HOTEL ၌ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် TELENOR GROUP မှ HEAD OF ASIA OPERATION MR.Sigve Brekke ကပြောသည်။

Phone-2

နိုင်ငံတကာတွင် တယ်လီဖုန်း၊ သတင်းအချက်အလက်၊ မီဒီယာဆက်သွယ်ရေးဝန်ဆောင်မှုပေးနေသော Telenor Group နှင့် မီဒီယာတွေ့ဆုံပွဲကို ၂၀၁၃ခုနှစ်၊ ဧပြီလ ၂၆ ရက် နံနက် ၁၁ နာရီအချိန်က ရန်ကုန်မြို့ Traders Hotel တွင် ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ) မြန်မာ့ဆက်သွယ်ရေးလိုင်စင် တင်ဒါအောင်မည်ဆိုပါက သင့်လျော်တဲ့ ဈေးနှုန်းတွေနဲ့ ဖုန်းသုံးစွဲသူတိုင်းနေရာတိုင်းမှာ အင်တာနက်အသုံးပြုနိုင်အောင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း Telenor Group ၏ အာရှဒေသလုပ်ငန်းများဆိုင်ရာအကြီးအကဲ Sigve Brekke (ဆာဗေး ဘာကေး) က မီဒီယာတွေ့ဆုံပွဲတွင် ပြောခဲ့သည်။

MR.Sigve Brekke  က "ဘဏ်နဲ့ ပူးပေါင်းရင် အေဂျင်စီအနေနဲ့ ပူးပေါင်းမှာပါ။ ဖုန်းဆင်းကဒ် တခုက ဘဏ် အကောင့်တခု ဖြစ်အောင် ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်" ဟု ရည်ရွယ်ချက်ကို ရှင်းပြသည်။

ထိုသို့ မိုဘိုင်းဘဏ်စနစ် အသုံးပြုရာတွင် ဖုန်းများမှာ ကျေးရွာအဆင့်အထိ အသုံးပြု နိုင်မည်ဖြစ်သဖြင့် ဘဏ် မရှိသော ဒေသများတွင် ဖုန်းဖြင့် အလွယ်တကူ ငွေလွှဲ ငွေယူ အသုံးပြုနိုင်မည် ဖြစ်ကြောင်း MR.Sigve Brekke ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ TELENOR GROUP Mobile Communications AS သည် မြန်မာ့ဆက်သွယ်ရေးက ယခုနှစ် လေးလပိုင်း တွင် ပုဂ္ဂလိက မိုဘိုင်း အော်ပရေတာ ပြုလုပ်ရန် ဇကာတင် ရွေးချယ်ထားသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီ ၁၂ ခုထဲမှ တခုဖြစ်ပြီး နော်ဝေးနိုင်ငံပိုင် ကုမ္ပဏီ တခုဖြစ်ကာ အိမ်နီးချင်း နိုင်ငံများတွင် မိုဘိုင်း အော်ပရေတာ လုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီကြီး တခုဖြစ်သည်။

ဘဏ်စနစ်နှင့် မိုဘိုင်းစနစ်ဖြင့် တွဲလုပ်ခြင်းမှာ အာဖရိက နိုင်ငံများနှင့် အခြားနိုင်ငံ အချို့တွင် အများဆုံး အသုံးပြုကြ
ကြောင်း၊ မိုဘိုင်းဘဏ်ကင်း စနစ်မှာလည်း မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပမှ ပုဂ္ဂလိက အော်ပရေတာ လုပ်ငန်းများ ပေါ်ပေါက်လာပါက ဖြစ်လာနိုင်ကြောင်း သို့သော် အချိန်အနည်းငယ် လိုမည်ဟု ဘဏ်လုပ်ငန်း ပညာရှင် ဦးသန်းလွင်က ပြောသည်။

၎င်းက "မြန်မာနိုင်ငံမှာ မိုဘိုင်းသုံးတာ ၁၀ရာခိုင်နှုန်းပဲ ရှိသေးတယ်။ သူများနိုင်ငံတွေမှာ ၇၀ ရာခိုင်နှုန်းလောက် ရှိတယ်။ အချို့တိုးတက်တဲ့ နိုင်ငံတွေမှာ ၁၀၀ ရာခိုင်နှုန်းလောက် ရှိတယ်။ ဒီလို ကိစ္စတွေ အသုံးပြုဖို့ ဆိုတာမိုဘိုင်း သုံးစွဲသူများပြားဖို့ နောင် နှစ်နှစ် သုံးနှစ်လောက် လိုသေးတယ်" ဟု ရှင်းပြခဲ့သည်။

မိုဘိုင်းဘဏ်ကင်း စနစ်အသုံးပြုရန် အိုင်တီကဏ္ဍတွင် အဆင်မြင့်  ရန်လိုကြောင်း အရေးလည်းပါကြောင်းနှင့် ယခုဘဏ် စနစ်တွင်လည်း ကမ္ဘာ နံပါတ်တစ် အိုင်တီအဖွဲ့ အစည်းများဖြင့် ပုံစံရေးဆွဲနေပြီ ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

ကုမ္ပဏီ ၁၂ ခုအနေဖြင့် တတိယနှင့် နောက်ဆုံးအဆင့် ရွေးချယ်မှုအတွက် ဇွန်လ ၃ ရက်နေ့က နောက်ဆုံးထားကာ ဆက်လက် လျှောက်ထားရမည်ဖြစ်သည်။

 နောက်ဆုံး ရွေးချယ် ခံရသည့် ကုမ္ပဏီနှစ်ခု အမည်ကို ဇွန်လ ၂၇ ရက် နေ့တွင် ထုတ်ပြန် ကြေညာနိုင်ရန်
မျှော်မှန်းထားကြောင်း မြန်မာ့ဆက်သွယ်ရေး စိစစ်ရေးနှင့်ရွေးချယ်မှု ကော်မတီက သတင်းထုတ်ပြန် ထားသည်။

အဆိုပါ တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှစ်ခုအနေဖြင့် ၎င်းတို့ အော်ပရေတာ လုပ်ငန်းလုပ်ကိုင်နေသည့် ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန် နိုင်ငံများကဲ့သို့ ဆင်းကဒ်များ အလကားပေးကာ ဖုန်းခေါ် ဆိုခများ ဈေးနှုန်းသက်သာစွာ  ပြုလုပ်သွားမည်ဟု ယနေ့ တွေ့ဆုံပွဲမှ သိရသည်။

နော်ဝေနိုင်ငံတွင် ရုံးချုပ်တည်ရှိသည့် TELENOR GROUPသည် အာရှနှင့် ဥရောပနိုင်ငံများတွင် မိုဘိုင်း
အော်ပရေတာ ဈေးကွက် ၁၁ ခုရှိသည်။ ၂၀၁၂ ခုနှစ် အစောပိုင်းအထိ ဖုန်းအသုံးပြုသူ ၁၄၈သန်း ရှိပြီး ၂၀၁၂အတွက် လုပ်ငန်းအတွင်း တည်ရှိငွေမှာ နော်ဝေငွေ ၁၀၂ ဘီလီယံ ရှိကြောင်း GROUP တွင် တရားဝင်
ကြေညာထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။