Thursday, April 25, 2013

တန်ဖိုးနည်းဖုန်းကိစ္စ မြန်မာ့ဆက်သွယ်ရေး အသိပေးထုတ်ပြန်

ရန်ကုန် (မဇ္ဈိမ)။   ။ ဧပြီလ ၂၄ ရက်တွင် စတင်ရောင်းချမည့် တန်ဖိုးနည်းဖုန်းများနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက နိုင်ငံပိုင် သတင်းစာများမှတဆင့် အသိပေးကြေညာချက်ကို ထုတ်ပြန်ကြေညာလိုက် သည်။

MECT အမှတ်တံဆိပ် ဖုန်းများမှာ လက်ရှိ မိုဘိုင်းဖုန်းများကဲ့သို့ အထွက်ခေါ်ဆိုမှုအတွက် တမိနစ်လျှင် ကျပ် ၅၀ ဖြစ်ပြီး အဝင်ခေါ်ဆိုမှုအတွက် မပေးဆောင်ရပေ။ အင်တာနက် အသုံးပြုလိုပါက သက်ဆိုင်ရာ တိုင်းဒေကြီးများရှိ ဆက်သွယ်ရေးရုံးများတွင် ကျပ် ၁၀,၀၀၀ ဖြင့် လျှောက်ထားလိုင်းဖွင့် အသုံးပြုနိုင်မည်ဖြစ်ပြီး အင်တာနက် အသုံးပြုခအဖြစ် ၁ မိနစ်လျှင် ၄ ကျပ်နှုန်းဖြင့် ပေးဆောင်ရမည် ဖြစ်သည်။

ယင်း တန်ဖိုးနည်းဖုန်းများအား မြန်မာနိုင်ငံတဝှမ်းလုံးရှိ ရေဒီယိုစခန်းပေါင်း ၂၈၂ ခုအတွင်းရှိ နယ်နိမိတ်အတွင်း၌
ပြည်တွင်း-ပြည်ပသို့ ဆက်သွယ်ခေါ်ဆိုနိုင်မည် ဖြစ်သည်။

တန်ဖိုးနည်းဖုန်းများဖြင့် ပြည်ပသို့ ခေါ်ဆိုလိုပါက MECT အမှတ်တံဆိပ်ပါ နိုင်ငံခြားငွေ ကြိုတင်ငွေဖြည့်ကတ် (၁၀ ဒေါ်လာ၊ ၂၀ ဒေါ်လာ၊ ၅၀ ဒေါ်လာ)ကို သုံးပြုရမည် ဖြစ်သည်။

အကယ်၍ အဆိုပါ တန်ဖိုးနည်း ဖုန်းကဒ်များ ပျောက်ဆုံးခဲ့ပါက မြန်မာ့ဆက်သွယ်ရေးဌာနသို့ ကျပ် ၂၀,၀၀၀
ပေးသွင်း၍ ပြန်လည်လျှောက်ထားနိုင်ပြီး ပျက်စီးခဲ့ပါက အခမဲ့ လျှောက်ထားနိုင်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။