Thursday, April 25, 2013

နေပြည်တော် လယ်ဝေးမြို့နယ် ကွမ်းခြံကျေးရွာနှင့် လေးကသိန်း ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ၉၄ လုံး ပျက်စီး

strongblow-april25

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော အိမ်များအား တွေ့ရစဉ်

နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ လယ်ဝေးမြို့နယ် ကွမ်းခြံကျေးရွာနှင့် လေးကသိန်း ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း ၉၄ လုံး ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက် ညနေ ၃ နာရီ ၅၀ မိနစ်ခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လယ်ဝေးမြို့နယ် ကွမ်းခြံကျေးရွာတွင် စာသင်ကျောင်းတစ်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ အိမ်ခြေ ၇၂ လုံးတို့ ပြိုလဲပျက်ဆီးကာ ထိခိုက်ဒဏ်ရာ သုံးဦးရရှိခဲ့ပြီး သေဆုံးသူ မရှိကြောင်း သိရသည်။

"ကျွန်တော်တို့ရွာရဲ့ အရှေ့ဘက်က လေးကသိန်းရွာမှာဆိုရင် စာသင်ကျောင်း တစ်ကျောင်းနဲ့ ခေါင်လန်သွားတာက ၁၇ အိမ်၊ ပြိုလဲအိမ်ခြေက နှစ်အိမ်၊ ကျေးရွာ နှစ်ရွာပေါင်းဆိုရင် ၉၄ အိမ် ပျက်ဆီးဆုံးရှုံးပါတယ်" ဟု ကွမ်းခြံကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပြခဲ့သည်။

"ပျက်ဆီးသွားတဲ့ အိမ်တွေကတော့ တော်တော်များတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့သူတွေလည်း သုံးယောက်လောက် ရှိတယ်။ ဖြစ်ပြီးနောက်နေ့ ၂၃ ရက်နေ့ကတော့ နေပြည်တော် ကောင်စီနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့တယ်။ ပြိုလဲသွားတဲ့ အိမ်မိသားစုတွေကိုလည်း ဆန်တစ်တင်းနဲ့ ဆီငါးဆယ်သား ပေးမယ်ဆိုပြီး ဓာတ်ပုံတွေသာ ရိုက်သွားတယ်။ အခုထိ လက်ထဲ မရရှိသေးပါဘူး" ဟု ကွမ်းခြံကျေးရွာနေ ဦးချမ်းနီမှ ပြောပြခဲ့သည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။