Thursday, April 25, 2013

စာနယ်ဇင်း ကောင်စီနှင့် ပြန်ကြားရေး ဝန်ကြီးဌာန ဥပဒေ မူကြမ်း ဆိုင်ရာ ဆွေးနွေး

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)နှင့် ပြန်ကြားရေး ဝန်ကြီးဌာန တို့က ၄င်းတို့ ရေးဆွဲထားသည့် ဥပဒေ မူကြမ်း အသီးသီးနှင့် ပတ်သက်၍  ဘုံတူညီချက် ရှာဖွေရန် တွေ့ဆုံ ဆွေးနွေးခဲ့ ကြောင်း စာနယ် ဇင်းကောင်စီ (ယာယီ) ၏ အတွင်းရေးမှူး ဦးကျော်မင်းဆွေ က ပြောသည်။
ယခုလ ၂၃ ရက်က မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီရုံးရှိ အစည်းအဝေး ခန်းမ၌ ကောင်စီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင် များနှင့် အတူ ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြား ရေးမှူးချုပ် ဦးတင့်ဆွေ၊ ပုံနှိပ်ရေးနှင့် စာ အုပ် ထုတ်ဝေရေး လုပ်ငန်း အထွေထွေ မန်နေဂျာ ဦးမျိုးမြင့်မောင် အပါအဝင် တာဝန်ရှိသူ အချို့တို့ တွေ့ဆုံ ညှိနှိုင်းဆွေး နွေးခဲ့ကြခြင်း ဖြစ် သည်။
ပြန်ကြားရေး ဝန်ကြီးဌာနက ရေး ဆွဲပြီး ပြည်သူ့ လွှတ်တော်သို့ ယခင်လက တင်သွင်းခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေမူကြမ်းနှင့် မြန်မာ နိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) တို့ ကရေးဆွဲ ထား သည့် သတင်း မီဒီယာနှင့် ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်း ဥပဒေကြမ်း တို့နှင့် ပတ်သက်၍ အားသာချက် အား နည်းချက် များကို အသေးစိတ် ညှိနှိုင်း ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင် ရန် အစီစဉ် ရှိကြောင်းလည်း  ဦးကျော် မင်းဆွေ က ပြောသည်။
ဆက်လက်ပြီး ၄င်းက စာနယ်ဇင်း ကောင်စီ မှရေးဆွဲထားသည့် သတင်း မီဒီယာနှင့် ပုံနှိပ် ထုတ်ဝေရေး လုပ်ငန်း ဥပဒေကြမ်း ကို ပြန်ကြားရေး ဝန်ကြီးမှ မူ အားဖြင့် လက်ခံသည်ဟု ဝန်ကြီး ဌာနမှ တာဝန်ရှိသူများ က တစ်ဆင့် ပြန်လည် ပြောပြခဲ့ကြောင်း ပြောသည်။
ပြန်ကြားရေး ဝန်ကြီးဌာနမှ ရေးဆွဲ ကာ လွှတ်တော်သို့ တင်သွင်းခဲ့သည့် ပုံနှိပ် ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းနှင့် ပတ်သက်ပြီး သတင်း မီဒီယာ လုပ်ငန်း လုပ်ကိုင်နေသူ များမှ ဝေဖန်မှု များထွက်ပေါ် လာခဲ့၍ အားကစား၊ ယဉ်ကျေးမှု နှင့် ပြည်သူ့ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအေးမြင့် အပါအဝင် အဖွဲ့ဝင်များနှင့် သတင်း မီဒီယာများ မတ်လ ၉ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်း ဥပဒေ ကြမ်း အား ကျင်းပ ပြီးစီးခဲ့သည့် လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေးတွင် ဆွေးနွေး မှု မပြုနိုင်ခဲ့ပေ။ သတင်း မီဒီယာ အဖွဲ့အ စည်းများ အပါအဝင် စာနယ်ဇင်း ကောင်စီမှလည်း ထိုဥပဒေကြမ်း အား သဘောမ တူကြောင်း ကန့်ကွက်ခဲ့ပြီး ကောင်စီမှ ကန့်ကွက်စာအား နိုင်ငံတော် သမ္မတထံ တင်သွင်းခဲ့သည်။
ကန့်ကွက်ခြင်း ခံနေရသည့် ပုံနှိပ် ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေ ကြမ်းနှင့် ပတ်သက်ပြီး ယခင်လ ၂၃ ရက် တွင် ပြန်ကြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးက စာနယ်ဇင်း ကောင်စီ နှင့် တွေ့ ဆုံဆွေးနွေး ခဲ့ပြီး ထပ်မံ၍ တွေ့ဆုံ ဆွေးနွေးရန်လည်း စီစဉ်ထား ကြောင်း သိရသည်။ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီသည် သတင်း မီဒီယာနှင့် ပုံနှိပ် ထုတ်ဝေရေးလုပ်ငန်း ဥပဒေကြမ်း ကို ယခင်လက သတင်း မီဒီယာ အဖွဲ့ အစည်းများ၊ ပုံနှိပ် လုပ်ငန်းရှင်များ၊ ဥပဒေ ပညာရှင်များနှင့် နှစ်ကြိမ် တွေ့ဆုံကာ တတိယ မူကြမ်း ရေးဆွဲ ပြီးစီးခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။