Monday, May 21, 2012

 မိုးသက်လေပြင်း တိုက်ခတ်သဖြင့် မောင်တောတွင် CDMA တာဝါလဲပြို


မောင်တောမြို့နယ်တွင် မေလ ၁၆ ရက် နံနက်ပိုင်းက မိုးသက်လေ ပြင်းတိုက်ခတ်သဖြင့် CDMA တာဝါကျိုးသွားခဲ့ပြီး အိမ်အမိုးလန်ခြင်း၊ သစ်ပင်များအမြစ်မှ ကျွတ်လဲခြင်းများဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်ခြင်းမှာ နံနက် ၁၁ နာရီခန့်မှစတင်ခဲ့ကာ လေတိုက်ခတ်နေချိန်အတွင်းတွင် တစ်နာရီ ၃၈ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်ခဲ့ကြောင်း၊  မိုးလေ၀သစခန်းမှ သတင်းရရှိသည်။

''လေတိုက်တာက နေပူနေတုန်း စတိုက်တာ၊ မိုးကလည်း လေနဲ့အတူပါတော့ ရုတ်ရုတ်သည်းသည်း ဖြစ်သွားကြတယ်။ တချို့ဆို ဘာမှပြင်ဆင်ချိန်မရလိုက်လို့ ကုန်တွေ ရေစိုကုန်တယ်။ လေက ဝှေ့တိုက်လို့ ဆိုင်းဘုတ်သွပ်ပြားတွေနဲ့ သွပ်ပြားတွေ လန်ကုန်တယ်။ သစ်ပင်တချို့ဆို အမြစ်ကနေ လန်တယ်။ အလယ်ရွာထဲမှာဆိုရင် သစ်ပင်လဲလို့ သုံးဘီးဆိုင် ကယ်တစ်စီးနဲ့ အိမ်တစ်လုံးပေါ် ပိသွားတယ်။ အဆိုးဆုံးက ဆက်သွယ်ရေးထဲက တာဝါတိုင်ကျိုးသွားလို့ အဆက်အသွယ် ပြတ်ကုန်တယ်''ဟု မောင်တောမြို့ခံတစ်ဦးက ပြောပါသည်။     

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။