Monday, May 21, 2012

ထိုင်းနိုင်ငံမှ တရားမ၀င် တင်သွင်းရောင်းချလျက်ရှိသည့် မွေးမြူရေးထွက်ကုန်ပစ္စည်းများ ကျန်းမာရေးအတွက် စားသုံးရန်မသင့်ကြောင်း စစ်ဆေးတွေ့ရှိ

ထိုင်းနိုင်ငံမှ မွန်ပြည်နယ် မော်လမြိုင်သို့ တရားမ၀င် တင်သွင်းရောင်းချလျက်ရှိသည့် ကြက်သား၊ ကြက်အသည်းအမြစ်၊ ကြက်ဥ၊ ဘဲဥများသည် ကျန်းမာရေးတွက် စားသုံးရန် မသင့်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု မော်လမြိုင်မြို့နယ် မွေးကုတာဝန်ခံက မွေးမြူရေးလုပ်ငန်းရှင်များ တွေ့ဆုံသည့် အစည်းအဝေး၌ ပြောကြားခဲ့သည်။


မော်လမြိုင်မြို့နယ် မွေးကုတာဝန်ခံက ဧပြီလအတွင်းဈေးများတွင် စစ်ဆေး သိမ်းဆည်းရသည်များကို အဖွဲ့ဖြင့်စစ်ဆေးရာ စားသုံးရန် မသင့်ကြောင်းတွေ့ရှိမှုကို အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း၊ စားသုံးသူအခွင့်အရေး ကာကွယ်ရန် အားနည်းမှုများရှိကြောင်း၊ ယခုအစည်းအဝေးတွင် ကြက်၊ ဘဲအရောင်းဒိုင်များကို အသိပေးလိုပါကြောင်း၊ တရားမ၀င်တင်သွင်းသော မွေးမြူရေးပစ္စည်းများကို တိကျစွာစစ်ဆေးပြီး ဥပဒေအရ တားဆီးဆောင်ရွက်ရန်ရှိကြောင်းတို့ကို ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

''မြ၀တီက၀င်တဲ့ ကြက်သား၊ အသည်းအမြစ်၊ ဘဲ၊ ကြက်ဥတွေက သက်တမ်းပြည့်၊ လွန်နေပြီး နှစ်ဖက်နိုင်ငံက စစ်ဆေးတာမျိုး မရှိတော့ ရောဂါပိုးတွေပါနိုင်သလို၊ ဥပဒေမဲ့ သွင်းလာတော့ တိုင်းပြည်တွက်လည်း အခွန်နစ်နာပါတယ်၊ အမျိုးသားကျန်းမာရေး၊ အမျိုးသားအကျိုးစီးပွားကို ထိခိုက်လာတဲ့အတွက် အများကြီး သတိထားဖို့ လိုပါတယ်'' ဟု မြို့ခံ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။