Monday, May 21, 2012

လစာတိုးရေးဆက်ပြီး အရေးဆိုမယ်လို့ အလုပ်သမားများဆုံးဖြတ်

လစာတိုးရေးဆက်ပြီး အရေးဆိုမယ်လို့ အလုပ်သမားများဆုံးဖြတ်
2012-05-20
လုပ်ခလစာ တိုးပေးရေး တောင်းဆိုနေတဲ့ ဂရင်းရွိုင်ရယ် အရက်ချက်စက်ရုံက အလုပ်သမားတွေက လက်ရှိ အလုပ်ရှင်က တိုးပေးတဲ့နှုန်းထားကို မကျေနပ်တဲ့ အတွက် ဆက်ပြီး အရေးဆိုသွားမယ်လို့ ဒီကနေ့ ပြောဆိုပါတယ်။
RFA

စက်ရုံ အလုပ်သမားများ အခြေခံ ရပိုင်ခွင့် အတွက် တောင်းဆိုဆန္ဒပြမှုများ ဧပြီလကစပြီး ဆက်တိုက်ဖြစ်ပေါ်နေရာမှာ မရမ်းကုန်းရှိ အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားရှာဖွေရေးရုံးတွင် မေလ ၉ ရက်နေ့က စက်ရုံ ၃ ခုမှ အလုပ်သမားများစုပေါင်း တောင်းဆိုနေကြစဉ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ ကတည်းက စတင်ပြီး အလုပ်သမားတွေနဲ့
စက်ရုံတာဝန်ရှိသူတွေ၊ အလုပ်သမား ၀န်ကြီးဌာန တာဝန်ရှိသူတွေ ၃
ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပေမဲ့ ပြေလည်မှုမရရှိခဲ့ဘဲ၊ အရေးဆိုနေတဲ့
အလုပ်သမားတွေကို စက်ရုံက ဖိအားပေး အရေးယူတာတွေ ပြုလုပ်လာတယ်လို့
အလုပ်သမားခေါင်းဆောင် တွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အလုပ်သမား ၀န်ကြီးဌာနက ဗိုလ်မှူးကြီး ယုလွင်အောင်နဲ့
ဂရင်းရွိုင်ရယ် ရက်ချက်စက်ရုံက တာဝန်ရှိသူတွေဆွေးနွေးခဲ့ပြီး လုပ်ခလစာ ၆၀၀၀
တိုးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အလုပ်သမားတွေဘက်က လုပ်ခလစာ ၃
သောင်းလောက် တိုးပေးဖို့ တောင်းဆိုထားပါတယ်။

လစာတိုးတောင်းတဲ့ အလုပ်သမားတွေဟာ ညှိနိုင်းမှုတွေ စတင်တဲ့ ဧပြီ ၂၈
ရက်နေ့ ကတည်းက အလုပ်ဆင်းခွင့်မရဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်က လုပ်ခလစာ
၆၀၀၀ တိုးပေးတာကို လက်ခံတဲ့သူတွေ လက်မှတ်ထိုးရင်
စက်ရုံတွင်း ၀င်ခွင့်ပြုမယ်လို့ ဆိုင်းဘုတ်ကပ်ထားကြောင်း အလုပ်သမားတွေက ပြောပါတယ်။

လုပ်ခလစာတိုး ၃ သောင်းတိုးပေးဖို့ တောင်းဆိုထားတာတဲ့အပေါ်မှာ ညှိနိုင်းတာကိုပဲ
အလုပ်သမားတွေဘက်က လိုလားကြောင်း၊ အခုလို တစ်ဘက်သတ် ဆုံးဖြတ်ပြီး ၆၀၀၀ကျပ်
ပဲပေးတာကို လက်မခံနိုင်ကြောင်း အလုပ်သမား ခေါင်းဆောင်တွေက ပြောပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။