Monday, May 21, 2012

မြိတ်မြို့ တွင်း လမ်းတွေအလွန်ပျက်စီးနေ


ပျက်စီးနေတဲ့ မြိတ်မြို့ တွင်းလမ်းများ
တနင်္သာရီတိုင်းဒေသ ကြီးမြိတ်မြို့  မြို့လယ်ခေါင်ရှိလမ်းများမှာ မိုးရာသီမတိုင်းခင်
အလွန်ပင်ပျက်စီးနေပြီး၊တစ်ချို့လမ်းများမှာချိုင့်ကြီးလွန်းသဖြင့်ယာဉ်မောင်းသူများနှင့်
လမ်းသွားလမ်းလာများအတွက်အလွန်ပင်ဒုက္ခရောက်နေပါသည်။

ယာဉ်တိုက်မှုများမကြာခဏဖြစ်ပွားနေပါသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်ရောက်စဉ်က လမ်းကိုဟန်ပြအဖြစ်အနည်း
ငယ်ပြင်ပြလိုက်သည်။ ၄င်းလမ်းများကိုဦးဌေးမြင့်ပိုင်ယုဇနကုမ္ပဏီမှပြုပြင်ရန်တာဝန်
ယူထား ကြောင်းကြားသိရသော်လည်းယခုထိတိုင်ပြုပြင်ခြင်းမရှိကျောက်နှင့်သဲများကို
ဟန်ရေးပြအဖြစ်ပုံထားသည်။

၂၀၁၀ ရွေးကောက်ပွဲ ကာလအတွင်း ဦးဌေးမြင့် သည် လမ်းများကိုကောင်းအောင်ပြုပြင်
ပေးမည်။ လျှပ်စစ်မီးများကိုတယူနစ်(၂၀၀)ကျပ်ဖြင့်ရအောင်လုပ်ပေးမည်ဟုအတုအ
ယောင်ကတိများအမျိုးမျိုးပေးကာစည်းရုံးခဲ့သည်။ မြိတ်မြို့၏ လွတ်တော်
ကိုယ်စားလှယ်ကြီးတွေကလည်း၎င်းလမ်းကိစ္စများကိုမိမိနှင့်မဆိုင်သလိုယခင်
(မဆလခေတ်၊စစ်အစိုးရခေတ်)ကအတိုင်းရေငုံနုတ်ပိတ်နေကြကြောင်း
မြိတ်မြို့ ခံများ Myanmar News Now ကိုပြောပြပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။