Monday, May 21, 2012

ကွမ်းခြံကုန်း ဆိုက္ကားသမားတွေ စည်ပင်ခွန်ကြောင့် ဒုက္ခရောက်နေ

ကွမ်းခြံကုန်းမြိုနယ်မှ အနှေးယာဉ် ဆိုက္ကားနင်းသူ ၇၀၀ ကျော် စည်ပင်မှ တာဝန်မဲ့
လုပ်ရပ်များနှင့် လိုင်စင်ခွန်များ အဆမတန် ကောက်ခံမှု ကြောင့် ဒုက္ခရောက်နေ
ကြပါတယ်။

 ရန်ကုန်မြို.တော် စည်ပင် အတွင်းမြို.နယ်တွေက ဆိုက္ကားတစ်စီး ကို သက်တမ်းတိုး
လိုင်စင်ခ ကျပ်သုံးထောင် ၀န်းကျင် သာပေးဆောင်ရပေမဲ့ ၊ ကွမ်းခြံကုန်း စည်ပင်
ကတော့ ကျပ် ၁၃၀၀၀ (တစ်သောင်းသုံးထောင်) ချိန်ဆောင်ရမယ်လို.ပြောနေပါတယ်။

ဆိုက္ကား တစ်စီးတန်ဖိုး ချင်းယှဉ်လျှင် ကွမ်းခြံကုန်း မြို.က ဆိုက္ကားတွေက
 ရန်ကုန် စည်ပင်ထဲက ဆိုက္ကားတွေထက် ဆယ်ဆ (၁၀ဆ) တစ်ဆ (၁ဆ) လောက်
ဈေးနိမ့်ကျနေပါတယ်။  ၄ ဆလောက်ပိုပြီး အခွန်ဆောင်ရတဲ့ ကွမ်းခြံကုန်း မြို.ဟာ
ဆင်းရဲ့တဲ့ နိမ့်ကျတဲ့ အခြေခံလူတန်းစားတွေအများစုနေထိုင်တဲ့ မြို့ ဖြစ်ပါတယ်။

ဒါအပြင် ကွမ်းခြံကုန်း မြို.ပေါ်မှာ ကားဂိတ်ဆိုတာ နေရာ သတ်မှတ်ချက်မရှိ ၊ကား၊
ထော်လာဂျီတွေ ၊ရပ်ချင်တဲ့နေရာ ရပ် ၊ ကုန်တင်ချင် ချချင်တဲ့နေရာ တင်ချ ၊ဈေးထဲ
အရောက်နေရာအနှံ.၀င်ထွက် ၊ လိုင်စင်မဲ့ ဆိုင်ကယ် ၊လိုင်စင်ရှိ ဆိုင်ကယ် ကယ်ရီတွေ
ကလည်း နေရာ အနှံ ပြေးဆွဲ ၊လိုင်စင်မဲ့ ဆိုက္ကားတွေ လည်း မနည်းမနော ၊ အခုဆို
 သုံးဘီး ဆိုင်ကယ်တွေတောင် ရောက်လာနေပါပြီ။ ဖြစ်ချင် သလိုဖြစ်နေပြီး၊ ဘယ်သူ
ကမှလည်း အရေးမယူ ၊ဒါကြောင့် မို. တရားဝင်ဆိုက္ကား သမားများ လုပ်စားစရာ
နေရာမရှိ ဖြစ်နေရကြောင်း ကွမ်းခြံကုန်းမြို့ က ဆိုက်ကားသမားများက Myanmar News
Now ကိုပြောပြပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။