Monday, May 21, 2012
တောင်ညောင်ကုန်းကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးဖွင့်ပွဲ
မေလ(၁၈) ရက်နေ့ တွင်ကျင်းပခဲ့သည်။
 အခမ်းအနားကို ဦးခင်မောင်ဘို ကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ဦးသောင်းစိန်က
အဖွဲ့ ချုပ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် သဘာပတိ အဖြစ် ဦးမြင့်မောင် က ဆောင်ရွက်ခြဲ့ပီး
အခမ်းအနားမှူး အဖြစ် ဦးညီညီလွင် ကဆောင်ရွက်ခဲ့သည်။
ဒေသခံ ဦးကျော်သာက ဒီမိုကရေစီရေးရာများပြောကြားခဲ့ပြီး ဦးအောင်မြတ်ဘုန်းက
 ပါတီ၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များပြောကြားခဲ့သည်။
ဒေသခံလူငယ် ကိုမင်းမင်းစိုးက ကျေးဇူးတင်စကားပြောခဲ့ပြီး နောက်ဆုံးအစီအစဉ်
 အဖြစ် ပျော်ဘွယ် NLD လူငယ်များက ကိုယ်ပိုင် အောင်နိုင်ရေးသံစဉ်များဖြင့်ဖျော်ဖြေကာ
အခမ်းအနားကို နံနက် (၁၀)နာရီတွင် ရုပ်သိမ်းခဲ့သည်။
Myanmar News Now
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။