Monday, May 21, 2012

 ပွင့်ပွင့်လင်းလင်း ပြောဆိုခေါ်ဆောင်ခြင်းမရှိသည့် အေးဂျင့်များကြောင့် မြ၀တီရောက်ရွေ့လျား အလုပ်သမားများ အနေအစား ခက်ခဲနေ

ကုမ္ပဏီအေးဂျင့်များ အလုပ်အကိုင် အခွင်အလမ်း အကျိုးဆောင်အချို့၏ မမှန်မကန် ပြောဆိုမှုကိုယုံ ကြည်ပြီး မြ၀တီမြို့ရောက် ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားသူ အလုပ်သမားများ အခက်အခဲနှင့် ရင်ဆိုင်နေကြောင်း သိရသည်။


''ကျွန်တော်တို့ကို ပွဲစားကငွေ နှစ်သိန်းနဲ့ စရိတ်ငြိမ်း ခေါ်လာတာပါ။ မြ၀တီရောက်ရင် တစ်ပတ်မကြာဘူး။ အလုပ်ထဲ တန်းသွားရမယ်ဆိုတော့ ဘယ်သူမှ ငွေပိုမပါဘူး။ အတော်လေး ဒုက္ခရောက်ပါတယ်''ဟု ထိုင်းနိုင်ငံအတွင်း အလုပ်သွားလုပ်ရန် ရခိုင်ပြည်နယ်မှ မြ၀တီမြို့သို့ ရောက် ရှိနေသူတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်သည် လယ်ယာစိုက်ပျိုးရေးကို အဓိကအားထားသော ပြည်နယ်ဖြစ်ပြီး စိုက်ပျိုရေးလုပ်ငန်းခွင်အတွင်း ၀င်ရောက်လုပ်ကိုင်ခြင်းဖြင့် ၀မ်းဝရုံအပြင် ခါးမလှနိုင်သည့်အတွက် ဒေသကိုစွန့်ခွာလာခဲ့ခြင်းဖြစ်ကြောင်း ယခင်က အမျိုးသားများသာ သွားလာလုပ်ကိုင် ကြသော်လည်း ယခုအခါ တရားဝင် နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးခြင်းကြောင့် အမျိုးသမီးငယ်များပါ မြ၀တီကို ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

'' ပွဲးစားတွေ အေးဂျင့်တွေအနေနဲ့ ပွင့်လင်းမြင်သာသည့် ပြောဆိုမှုမျိုး လိုအပ်ပါတယ်။ နေစရိတ် စာစရိတ်ငြိမ်းဆိုပေမယ့် မြ၀တီမြို့မှာ ရက်ဘယ်လောက်ကြာမယ် နိုင်ငံကူးလက်မှတ်စာအုပ် မရမချင်း အသုံးစရိတ်တွေ လိုတယ်ဆိုတာတွေ မပြောဘူး။ ဘာမှမလိုဘူး၊ စရိတ်ငြိမ်းပဲ ဆိုတော့ လူရလိုဇောနဲ့ လိမ်ခေါ်လာသလို ဖြစ်နေတယ်'' ဟု ပုဏ္ဍားကျွန်မြို့နယ်မှ ဦးသာစံက ပြောသည်။

''မြ၀တီရောက်မှပဲ ပုံစံထမင်း ပုံစံဟင်း စားရတော့တယ်။ ထမင်း မ၀ရေစာ စားနေရတော့ အသုံးစရိတ် ပိုကုန်တယ်''ဟု မန်အောင်မြို့မှ ရောက်ရှိနေသူ ကိုညီညီက ပြောသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။