
မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ခရစ်တော်၏အသင်းတော်မှ ဒုက္ခသည်စခန်းတစ်ခု
ယန်မှတစ်ဆင့် မြစ်ကြီးနားမြို့သို့ ခြေလျင်လမ်း မေခလမ်းကြောင်းမှ တစ်ဆင့်ရေကြောင်းဖြင့်လည်းကောင်း ရောက်ရှိလာကြကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ သုံးရွာတွင် ရ၀မ်လူ မျိုးများသာရှိပြီး အိမ်ထောင်စု ၂၁ စုရှိကာ လူဦးရေ ၉၀ ကျော်ရှိကြောင်း သိရသည်။ ၎င်းဒုက္ခသည်များကို ဧပြီလကုန်ပိုင်းတွင် စတင်၍ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ထွက်ဆန်နယ်မြေရှိ ခရစ်တော်၏ အသင်းတော် ဘုရားရှိခိုးကျောင်းတွင် လက်ခံစောင့် ရှောက်ထားရကြောင်း စုံစမ်းသိရှိရသည်။ ''ကျွန်တော်တို့က ဘယ်သူရဲ့ အကူအညီမှ မှန်မှန်မရဘူး။ ရှိတဲ့ အကူအညီနှင့် ခရစ်တော်မိသားစု အလှူလေးတွေ ပေါင်းပြီး ကျွေးမွေး စောင့်ရှောက်ထားတာ။ လုံခြုံမှု၊ စားနပ်ရိက္ခာ၊ နေစရာအဆောက်အအုံ၊ ကျန်းမာရေးအတွက် ဘာတစ်ခုမှ ပြည့်ပြည့်စုံစုံ မရှိဘူး။ ဒီအထဲရောက်လာတဲ့ လူတွေကလည်း မြန်မာစကား ပြောတတ်တဲ့လူ နည်းတယ်။ အဲဒီဒေသကလူတွေ နောက်ဆုံးရောက်လာတာကတော့ (၁၃.၅.၂၀၁၂) က နောက်ဆုံးပဲ''ဟု စောင့်ရှောက်ရေး တာဝန်ခံတစ်ဦးက ပြောကြားခဲ့သည်။
''ကျွန်တော်တို့မိသားစုက နိန်ဒမ်ကောင်ရွာမှ လဂွန်းတောင်-မရှော့ေ၀၀မ်-အင်ထမ်းတွန်-မလိယန်ကို ခြေလျင်ခရီး သုံးရက်လောက်လာပြီး မလိယန်ကနေ မြစ်ကြီးနားကို စက်လှေနဲ့ စုန်လာခဲ့တာ စားစရာကလွဲပြီး ဘာမှ မသယ်နိုင်ဘူး။ အကုန်လုံး ရွာမှာထားခဲ့ပြီး လာခဲ့ရတာ။ မြစ်ကြီးနားရောက်ဖို့ ဘယ်လမ်းကလာလာ အနည်းဆုံး တစ်ပတ်ကျော် ကြာတယ်'' ဟု နိန်ဒမ်ရွာ တရားဟောဆရာတော်က ပြောကြားခဲ့သည်။ ၎င်းဒုက္ခသည်များ သည် မြစ်ကြီးနားမြို့သို့ နောက်ဆုံးရောက်လာသော ဒုက္ခသည်များဖြစ်ပြီး အကူအညီများစွာ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။