Wednesday, May 16, 2012

အခေါက်ရွှေဈေး ခုနှစ်သိန်းအောက်သို့ရောက်ရှိ

ပြီးခဲ့သည့် နှစ်လက ကျပ်ခုနှစ်သိန်းနှစ်သောင်းကျော်အထိ ဈေးနှုန်းမြင့်တက်ခဲ့သော အခေါက်ရွှေ ဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ယခုအခါ ကျပ်ခုနှစ်သိန်းအောက်သို့ ဆက်တိုက်ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။
 
ဒီလို ဈေးနှုန်းကျဆင်းရတာက  ပြည်တွင်းရွှေဈေးကွက်မှာ ရွှေရောင်းချသူများ နေတာကြောင့် ဈေးကျသလို၊ နိုင်ငံတကာရွှေဈေး ကျဆင်းတာနဲ့လည်း ဆိုင်တယ် ” ကမာရွက် လှည်းတန်းရှိ နယူးစတားရွှေဆိုင်မှ တာဝန် ရှိသူကပြောသည်။
 
ကမ္ဘာ့ရွှေဈေးကွက်တွင် ယခင်အပတ်က ရွှေတစ်အောင်စလျင် (၁၆၃၈) ဒေါ်လာ ရှိရာကနေ အခု အပတ် အတွင်း  အမေရိကန်   ဒေါ်လာ (၁၅၇၃) ဒေါ်လာသို့ ကျဆင်းခဲ့ခြင်းဖြစ်သည်။
 
ရန်ကုန်ရွှေဈေးကွက်အတွင်း ပြီးခဲ့တဲ့လက  အခေါက်ရွှေ တစ်ကျပ်သားဈေးနှုန်းမှာ ပျမ်းမျှကျပ် ၇ သိန်း ၂ သောင်းကျော် ရှိခဲ့နေရာမှ ယခုကဲ့သို့ ကျပ် ၇ သိန်းအောက် သို့ကျဆင်းခဲခြင်းဖြစ် သိရှိရသည်။
 
မေလ- ၁၅ ရက် နေ့တွင်  ရန်ကုန်ရွှေဈေးကွက်၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆သိန်း၉သောင်းဝန်း ကျင်ရှိကြောင်း ရှိသည်။
 
“ဈေးကတော့  ကျနေပေမယ့် အရောင်းအ၀ယ်ကတော့ပုံမှန်ပါပဲ၊ ကိုယ့်ဖောက်သည်နဲ့ ကိုယ်ပေါ့” ဟု ၀င်းညွန့် ညွန့်ရွှေဆိုင်မှ တာဝန်၇ှိသူ အမျိုးသမီးက ပြောသည်။
 
ဧပြီလဆန်းပိုင်းတွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် (၁၆၇၇)ဒေါ်လာရှိခဲ့ပြီး မြန်မာ့ရွှေဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် (၇၂၆၅၀၀)ကျပ် နှင့် ၁၅ ပဲရည်တစ်ကျပ်သားလျှင် (၆၈၂၀၀၀) ကျပ် ရှိခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။