Wednesday, May 16, 2012

ရွှေနံသာအများပိုင်ကုမ္ပဏီနှင့်ပတ်သက်၍ အမေရိကန်သံရုံးမှ လယ်သမားများအား ခေါ်ယူတွေ့ဆုံ

ရွှေနံသာကျေးရွာအုပ်စုမှ လယ်ပိုင်ရှင်များကအများပိုင်ကုမ္ပဏီလီမိတက်တစ်ခုထူထောင်မည့်ကိစ္စနှင့်ပတ် သက်၍ နိုင်ငံရေးရေး ရာ မှုခင်းအနေဖြင့်  အမေရိကန်သံရုံးမှ အရာ၇ှိတစ်ဦးက လယ်သမားများနှင့် တာဝန်ရှိသူ များအား မေလ(၁၄)ရက် နေ့လည်ပိုင်းက   ခေါ်ယူမေးမြန်းခဲ့ကြောင်း သိရှိရသည်။
 

အဆိုပါခေါ်ယူ မေးမြန်းမှုတွင် လယ်သမား(၁၀)နှင့် လယ်သမားနှင့်အလုပ်သမား အကျိုးဆောင်ရွက်းနေသူများဖြစ်သော ဦးနေမျိုးဝေ၊ ရှေ့နေဖိုးဖြူနှင့် လယ်ယာမြေပညာရှင်တစ်ဦးပါဝင်သည်။
 
တွေဆုံမှုအားအခြေပြု၍ လယ်သမားများဘက်မှ မီဒီယာစောင့်ကြည့်ရန်နှင့် ကုမ္ပဏီအတွက် နည်းပညာနှင့် စက်ယန္တယားများ အကူညီပေးရန်တောင်းဆိုခဲ့သည်။
 
မင်္ဂလာဒုံမြို့နယ်ရှိ ဇေကမ္ဘာကုမ္ပဏီလီမိတက်ပိုင် ရွှေနံသာကျေးရွာအုပ်စုမှ လယ်ပိုင်ရှင်များက မတူကွဲပြားခြင်း နှင့်ငြိမ်းချမ်းရေးပါတီ၏ အကူုအညီဖြင့် လက်မှုလယ်ယာမှစက်မှုလယ်ယာအဖြစ်သို့ ကူးပြောင်း၍ အများပိုင် ကုမ္ပဏီလီမိတက်တစ်ခု ထူထောင်မည်ဖြစ်ကြောင်း သိရှိရသည်။
 
ကုမ္ပဏီတည်ထောင်ရာတွင် ပြည်တွင်းပြည်ပမှရင်းနှီးမှုများဖိတ်ခေါ်၍ လယ်သမားများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ ဥက္ကဌ ဦးနေမျိုးဝေက ဆိုသည်။
 
လယ်သမားတွေက ခုချိန်မှာ မြေတွေသိမ်းထားတယ်၊ ဇေကမ္ဘာကုမ္ပဏီရဲ့ ဖိနှိပ်မှုတွေကို ခံနေရတယ်၊ ဒီတော့လယ်သမားတွေဘက် ကလည်း ကုမ္ပဏီပြန်ထောင်ပြီး၊ ဇေကမ္ဘာကုမ္ပဏီကို တိုက်ပွဲဝင်သွားမယ်၊ ဒီအတွက်ကျွန်တော်တို့ပါတီက အပြည့်အ၀ကူညီပေးသွားမယ်ဟု ကိုနေမျိုးဝေက ပြောသည်။
 
အဆိုပါကုမ္ပဏီတည်ထောင်ရန်ကိစ္စအား လယ်သမားများဘက်က အပြည့်အ၀သဘောတူလျက်ရှိပြီး ၎င်းတို့၏ လယ်ယာလုပ်ငန်းများ ပပျောက်သွားမည်ကို စိုးရိမ်လျက်ရှိသည်။
 
ရွှေနံ့သာကျေးရွာမှ လယ်သမားများအနေဖြင့် လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းသည့်အခါ ရသင့်ရထိုက် သည့် လုပ်အားခကိုသာ ရရန်မျှော်လင့်ပြီး ဇေကမ္ဘာကုမ္ပဏီလက်အောက်မှ လွတ်မြောက်ရန် ဆန္ဒရှိကြောင်း လယ်ဧက(၃၅)ဧက ပိုင်ဆိုင်သော လယ်ပိုင်ဦးရွန်ဂျာ ကပြောသည်။
 
၁၉၈၉ ခုနှစ်ကတည်းက လယ်သမားအနေနဲ့ ရွှေနံ့သာမှာ လယ်စိုက်ခဲ့တာစပါးလည်းအထွက်တိုးတယ်၊ နိုင်ငံတော်ကလည်း တစ်သီးစားကနေ နှစ်သီးစားဖြစ်အောင် ကူညီပေးတယ်၊ ဒီတော့ ကျွန်တော်တို့ စီးပွား တက်ခဲ့တယ်ဇေကမ္ဘာရောက်လာပြီးမှ ကန်သင်းတွေ အချိုးခံရပြီး မနှစ်ကစပြီး စပါးထွက်နှုန်းလျော့လာတယ်ဟု မွန်ပြည်နယ်က ပြောင်းရွေ့လာသောဦးရွန်ဂျာက ပြောသည်။
 
ဇေကမ္ဘာကုမ္ပဏီအနေဖြင့် ရွှေနံ့သာလယ်မြေဧက (၈၁၅)ဧကအား နစ်နာကြေးသုံးသိန်းပေး၍ ၂၀၁၀ ခုနှစ်မှ စတင်သိမ်းပိုက်ခဲ့ပြီး၊ ထိုသို့သိမ်းပိုက်စဉ်က လယ်သမားများအား လယ်ယာလုပ်ပိုင်ခွင့်ပြုခဲ့ကြောင်း လယ်သမား များထံက စုံစမ်းသိရှိရသည်။
 
သို့သော် ဇေကမ္ဘာကုမ္ပဏီ၏လုပ်ငန်းများဆောင်ရွက်နေသည့်တိုင် လယ်သမားများအနေဖြင့် လယ်မြေဧကများ
ပျက်စီး၍ စပါးစိုက်၍ မရကြောင်း၊ နိုင်ငံတော်မှလည်း မြေယာအရှုပ်အရှင်းကိစ္စဖြင့် ယခုနှစ်တွင် မြေလုပ်ငန်း အား မလုပ်ကိုင်ရန် တားမြစ်လိုက်သည်။
 
ဇေကမ္ဘာကုမ္ပဏီပိုင် ရွှေနံ့သာလယ်မြေများသည် ယခုအချိန်ထိ လယ်ယာမြေဥပဒေပုဒ်မ (၃၉) အရ အခြား လုပ်ငန်းလုပ်ပိုင်ခွင့်မကျသေးပဲရှိနေရာ ဇေကမ္ဘာကုမ္ပဏီအနေဖြင့် လယ်ယာမြေပြုလုပ်ရန် အစိုးရထံပြန်လည် တောင်းဆိုထားကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။