Wednesday, May 16, 2012

မော့တောင်ကျေးရွာ NLD ရုံးဖွင့်ပွဲ

မေလ(၁၁)ရက်နေ့ က မော့တောင် NLD ရုံးဖွင့်လှစ်စဉ်
တနသာင်္ရီတိုင်းဒေသကြီး၊တနသာင်္ရီမြို့နယ်၊သိန်ခွန်းကျေးရွာအုပ်စု၊မော့တောင်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဖွင့်ပွဲနှင့်ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို မေလ (၁၁)ရက်နေ့  11.5.2012ရက်နေ့၊နံနက်၉နာရီအချိန်တွင်မော့တောင်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်ဦးအောင်ရွှေနှင့်ဦးမောင်နိုင်တို့မှဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပါသည်။

၎င်းနောက်နိုင်ငံတော်နှင့်အဖွဲ့ချုပ်အလံတော်အားအလေးပြုခြင်း၊ကျဆုံးလေပြီသော အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုခြင်း၊တိုင်းအောင်နိုင်ရေးအဖွဲ့ဝင် ဦးသန်းထွန်းနှင့်တနသာင်္ရီမြို့နယ်မှအဖွဲ့ဝင်တစ်ဦး၊မော့တောင်ကျေးရွာမှအဖွဲ့ဝင် တစ်ဦးတို့မှအမှာစကားပြောကြားပြီးနောက်အခမ်းအနားကိုနေ့လည်(၁၁)နာရီအချိန် ခန့်တွင်ရုတ်သိမ်းလိုက်ပါသည်။

အခမ်းအနားသို့တက်ရောက်လာသောဧည့်သည်တော်များနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖတို့အားကြာဇံဟင်းခါးနှင့်လက်ဖက်ရည်တို့ကိုဧည့်ခံကျွေးမွေးခဲ့ ကြောင်းသိရပါသည်။
Myanmar News Now

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။