
ယိုးဒယားသစ်သီးများရန်ကုန်ဈေးကွက်တွင်းသို့
ဝင်ရောက်မှုများပြားနေခြင်းကြောင့် သစ်သီးဈေးနှုန်းများ ကျဆင်းကာ
အရောင်းအ၀ယ်အေးနေကြောင်း သီရိမင်္ဂလာဈေးရှိ သစ်သီးပွဲရုံများက သိရှိရသည်။
“ဒီနှစ်က
ဒူးရင်းသီးဈေးကွက်တော်တော်ပျက်တဲ့ နှစ်ပါပဲ ကျိုက်ထော်ဘက်ကနေ
အရမ်းအ၀င်များလို့ အရမ်း ပေါပေမယ့် အရောင်းကတော့ သိပ်အားမရဘူး။ ၀ယ်လက်ကို
မရှိတာ။ ” ဟု သီရိမင်္ဂလာဈေးရှိ မြတ် သစ်သီး ပွဲရုံက ပြောသည်။
ယိုးဒယားဘက်မှ
ဝင်ရောက်လာသော ဒူးရင်းသီးဈေးနှုန်းများမှာ ယခင်နှစ်တွင် ဒူးရင်းသီး
(ဗမာ)တစ်လုံးလျှင် ကျပ် (၁၅၀၀)ဈေး ရခဲ့သော်လည်း ယခုနှစ်တွင်
ကျပ်(၆၀၀)သာဈေးရရှိသည်။
ယခင်နှစ်က
ကြက်မောက်သီး (အလုံး ၅၀၀ ပါ) တစ်ဖာလျှင်ကျပ် (၂၀၀၀၀)ခန့်ဈေးရခဲ့သော်လည်း
ယခုနှစ်တွင် ကျပ်(၁၈၀၀၀)သာ ဈေးရကြောင်း သိရှိရသည်။
“ယိုးဒယားဘက်က
အ၀င်များတော့ တရုတ်ဈေးကွက်တွေလဲ ပျက်သွားတယ်။ ဥပမာ-ဆိုပါတော့ဗျာ အရင်
တရုတ်ဘက်က ၀င်တဲ့ ပန်းသီးတွေကို အမှာများပေမယ့် အခုယိုးဒယားဈေးကွက်တွေ
ဝင်လာတော့ ပန်းသီး နေရာမှာ ဒူးရင်းသီးတို့ ကြက်မောက်သီးတို့ဘက် ကို
လှည့်ပြီး မှာလာကြတယ်” ဟု သီရိမင်္ဂလာဈေးရှိ ရွှေမြင့်မိုရ် သစ်သီးပွဲရုံက ကိုကျော်သူက ပြောသည်။
ရန်ကုန်သစ်သီးဈေးကွက်တွင်း
ဈေးနူန်းကျဆင်းနေရခြင်းမှာ ယိုးဒယားဈေးကွက်မှ သစ်သီးဝင်ရောက်မူများပြား
ခြင်း၊ ဈေးကွက်တွင်း သစ်သီးများပိုလျံနေခြင်း၊ သစ်သီးပွဲရုံများအနေဖြင့်
ရာသီဥတုအပြောင်းအလဲများကြောင့် သစ်သီးဆုံးရှုံးမူများ ဖြစ်နေခြင်းကြောင့်
ကုန်သည်များက သူ့ထက်ငါ ဈေးလျော့ရောင်းလာကြပြီး ဈေးကွက် တွင်း
ဈေးနူန်းကျဆင်းခြင်းဖြစ်ကြောင်း သစ်သီးပွဲရုံလုပ်ငန်းရှင်များက ဆိုသည်။
“ဒီနှစ်ကို
ဒူးရင်းသီးတွေ တော်တော်ပေါတာ တွေ့ရတယ်။ ပေါပေမယ့် အပူပြင်းတော့ မစားရဲဘူး
ဒူးရင်းသီးက လည်း အပူစာ ဆိုတော့လေ။ ပန်းသီးတောင်မှ တစ်လုံးကို ငါးရာပေးရတာ
ဒူးရင်းသီးက တလုံးကို တစ်ထောင်ပဲ ပေးရတယ်ဆိုတော့ စားပျော်တယ်လေ
ခါတိုင်းနှစ်တွေကဆို ဒူးရင်းသီးတလုံးကို နှစ်ထောင်လောက်တောင်ပေး ၀ယ်စားရတာ ”
ဟု ကြည့်မြင်တိုင်မြို့နယ်က မသက်သက်ဝေ ကပြောသည်။
ယိုးဒယားဈေးကွက်မှ
အ၀င်များသော်လည်း သစ်သီးဈေးကွက် ပျက်သည်အထိ အရောင်းအ၀ယ်ကျဆင်းလျှက်
ရှိကြောင်း၊ ယိုးဒယားမှ ရန်ကုန်ဈေးကွက်သွင်းသို့ ၀င်ရောက်သော
သစ်သီးများအား သံလျှင်၊ တွံတေး၊ ဖျာပုံ၊ မြောင်းမြ၊ ပုသိမ်နှင့် ကျန်ဧရာဝတီ
တိုင်းဒေသ ကြီးများသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။