
အဆိုပါ
ညီလာခံသို့ ပြည်ပမှစီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံမှ
စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံကာ ပြည်ပမှ
ရင်းနှီးမြုပ်နှံလိုသူများအတွက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
စီးပွားရေးညီလာခံ
ကျင်းပပြုလုပ်ရခြင်းမှာ ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်
ပြည်တွင်း စီးပွားရေး လုပ်ငန်းများအပေါ်တွင် ရင်းနှီးမြုပ်နှံလိုသော
ကုမ္ပဏီများရှိခြင်းကြောင့် ပြည်တွင်း / ပြည်ပ စီးပွားရေး လုပ်ငန်း ရှင်များ
တွေ့ဆုံရခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးတာဝန်ခံက ဆိုသည်။
“အဓိကက
မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့
နိုင်ငံခြားမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပေါ့နော် ပူးပေါင်း
ပြီးတော့ လုပ်ငန်းလုပ်ချင်တဲ့ ကုမ္ပဏီတွေရှိမယ် Trading လုပ်ချင်တဲ့
ကုမ္ပဏီတွေ ရှိလို့ အဲ့ဒီ သဘော နဲ့ အခုလိုတွေ့ဆုံကြတာပါ” ဟု FBC Conference
Ministry မှ ဒေါ်ခင်အေးက ပြောသည်။
အချို့
နိုင်ငံများက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားသော sanction
(စီးပွားရေးပိတ်ဆို့မှုများ)ကို ဖွင့်ပေး မည်ဆိုပါက နိုင်ငံခြားမှ
ရင်းနှီးမြုပ်နှံလိုမှုများ များပြားလာနိုင်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
ငါးလုပ်ငန်းဦးစီးဌာနမှလည်း
ယခုလက်ရှိတွင် နိုင်ငံပေါင်း (၂၇)နိုင်ငံသို့ တင်ပို့နေပြီး အမေရိကန်မှ
sanction ဖြုတ်ပေးပါက အဆိုပါနိုင်ငံများသို့လည်း တင်ပို့ရန်
အစီအစဉ်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနက သိရှိရသည်။
“လက်ရှိ
နိုင်ငံပေါင်း ၂၇ နိုင်ငံကို တင်ပို့နေတယ်။ အထူးသဖြင့် အီးယူလည်း ပါတယ်။
အမေရိကန်ကတော့ လက်ရှိ sanction မရုပ်သိမ်းသေးဘူး အီးယူကတော့ ရေထွက်ပစ္စည်း
တင်ပိုမှုနဲ့ ပတ်သက်ပြီး sanction မရှိဘူး။ ဆော်ရေအာရေးဘီးယား
တို့ဘာတို့ပေါ့ မွေးမြူရေးငါးတွေ အများဆုံးပေါ့ ပို့တာက နောက်တော့ အာဆီယံ
ခြောက်နိုင်ငံကို ပို့တာပေါ့။ ဘယ်နိုင်ငံကိုမှ တင်ပို့မယ်ဆိုတဲ့
အကန့်အသတ်တော့ မရှိပါဘူး လုပ်နိုင်မယ့် အဖွဲ့အစည်းတွေနဲ့ လုပ်သွားမှာပါ” ဟု
ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေက ပြောသည်။
မွေးမြူရေးနှင့်
ရေလုပ်ငန်းအနေဖြင့် စီးပွားရေးညီလာခံသို့တက်ရောက်ရခြင်းမှာ ပြည်ပမှ
ရင်းနှီးမြုပ်နှံလို သူများအနေဖြင့် သိသင့်သိထိုက်သော အခြေအနေများအား
တင်ပြလိုခြင်းကြောင့်ဖြစ်ပြီး ပြည်ပမှ ရင်းနှီး မြုပ်နှံလိုသူများ မှလည်း
မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍအား သိရှိထားသင့်ကြောင်းကိုလည်း သိရှိရသည်။
“ကျွန်တော်တို့
တိုင်းပြည်အတွက် လိုအပ်တဲ့ မွေးမြူရေးကဏ္ဍကို ပြည်ပက
စီးပွားရေးလုပ်ငန်းရှင်တွေ ရင်းနှီးမြုပ်နှံလိုသူတွေ သိထားသင့်တာပေါ့
အဲ့ဒါကြောင့် ကျွန်တော်အနေနဲ့ကလည်း ရေလုပ်ငန်းဦးစီးဌာနရဲ့ အခြေအနေကို
တင်ပြဆွေးနွေးဖို့ ဌာနကိုယ်စားလာတာပါ” ဟု မွေးမြူရေးနှင့်
ရေလုပ်ငန်းဦးစီးဌာနမှ ဒေါက်တာ ရဲထွန်းဝင်းက ပြောသည်။
Park
Royal တွင် ကျင်းပခဲ့သော စီးပွားရေးညီလာခံသို့ ပြည်ပမှ
စီးပွားရေးလုပ်ငန်းရှင် (၂၀) နှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်
(၁၅)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
စီးပွားရေးညီလာခံပွဲကို
မေလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များတွင် ရန်ကုန်မြို့ Park Royal Hotel တွင်
ကျင်းပမည် ဖြစ်ပြီး နေပြည်တော်တွင် ၁၇ရက်နေ့ နေ့လည် ၂နာရီခန့်တွင်
ဝန်ကြီးဌာနများနှင့် ပြည်ပစီးပွား ရေးလုပ်ငန်းရှင်များ
တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။