လှိုင်သာယာစက်မှုဇုန်နယ်မြေအတွင်းတွင်
စက်ရုံပေါင်း(၈၀၀)ကျော်ရှိရာ ယခုနှစ်အတွင်း အလုပ်သမား ၀န်ကြီး ဋ္ဌာနက
ဖြေရှင်းပေးခဲ့သော အလုပ်ရှင်/အလုပ်သမားပဋိပက္ခ အမှုအရေအတွက် (၈၀)ရှိကြောင်း
စုံစမိးသိရှီရသည်။
“အစ်ကိုတို့
လိုင်သာယာအလုပ်သမားရေးရုံးမှာ အလုပ်သမားနဲ့ အလုပ်ရှင်းပြသာနာက
တစ်နေ့တစ်နေ့ကို မနည်းဘူး။ မရှိဘူးဆို အနည်းဆုံး တစ်လကို (၁၅)ခုလောက်
ရှိတယ်။”ပာု လှိုင်သာယာမြို့နယ် အလုပ်သမား ရေဝန်ကြီးဋ္ဌာန
ညွန်ကြားမှုဦးစီးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖြစ်ပွားလျှက်ရှိသော
အလုပ်ရှင်အလုပ်သမားပဋိပက္ခများတွင် အဖြစ်အများဆုံးမှာ လုပ်ခလစာနည်းပါးမှု
ပြသာနာဖြစ်ပြီး၊ ရာထူးအလိုက် ဖိနှိပ်ချုပ်ချယ်မှုများ၊
အလုပ်ချိန်များပြားသည့် ပြသာနာများ အဖြစ်များ ကြောင်းကိုလည်း သိရသည်။
“ကျွန်မတိုအနေနဲ့
အခုလုပ်နေတဲ့ဆန္ဒပြတောင်းဆိုမှုတွေပာာ ကျွန်မတိုရဲ့ရသင့်ရထိုက်တဲ့
အတိုင်းအတာ တစ်ခုကို တောင်းခံတဲ့ သဘောပါ။ အလုပ်ရှင်ကို စီးပွားဖျက်နေတာ
မပာုတ်ပါဘူး။”ပာု ပိာုင်မိုဆံပင်အတုစက်ရုံမှ ခေါင်းထိုး အလုပ်သမား ဒေါ်သဇင်က
ပြောသည်။
ဆန္ဒပြတောင်းဆိုမှုများပြုလုပ်ရခြင်းမှာ
မြို့နယ်အလုပ်သမားရေးဝန်ကြီးဋ္ဌာနညွန်ကြားမှုဦးစီးဋ္ဌာနက အလုပ်သမားပြသာနာများ
အား ဖြေရှင်းရာတွင် နှေးကွေးမှုများရှိနေသောကြောင့် ဖြစ်ကြောင်း စက်မှုဇုံရှိ
အလုပ်သမားအများထံက သိရသည်။
လှိုင်သာယာစက်မှုဇုန်နယ်မြေမှ
စက်ရုံအများစုမှာ အခြေခံလစာသတ်မှတ်ထားခြင်းမရှိဘဲ လုပ်ခအရေအတွက် အလိုက်သာ
အလုပ်ရှင်များက သတ်မှတ်ပေးထားသည့်အတွက် အလုပ်ရှင်၊အလုပ်သမား
ပြသာာနာများဖြစ် ပေါ်လာခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
လွန်ခဲ့သည့်နှစ်က နိုင်ငံအလိုက် အလုပ်သမားများ အကျိုးခံစားခွင့်ရှိသော တစ်ရက်လုပ်ခနှင့် တစ်လလုပ်အား ခများအား Internet web page of respecyive countries and Wikipedia က ဖော်ပြထားသည်။
စဉ်
|
နိုင်ငံ
|
တစ်ရက်လုပ်ခ(USD)
|
တစ်လလုပ်ခ( USD)
|
၁
|
ကမ္ဘောဒီးယား
|
၁ .၆၇
|
၅၀ .၀၀
|
၂
|
ဗီယက်နမ်
|
.၈၃ မှ ၂ .၀၄
|
၅၅ .၀၂ မှ ၆၁ .၁၃
|
၃
|
အင်ဒိုနီးရှား
|
၂ .၀၀ မှ ၃ .၇၃
|
၆၀ .၀၆ မှ ၁၁၂ .၀၀
|
၎
|
တရုတ်(ရှန်ဟိုင်း)
|
၁ .၉၆ မှ ၅ .၆၃
|
၅၈ .၈၀ မှ ၁၆၈ .၈၇
|
၅
|
ထိုင်း(ဘန်ကောက်)
|
၅ .၀၀ မှ ၆ .၈၂
|
၁၄၉ .၉၄ မှ ၂၀၄ .၅၆
|
၆
|
ဖိလစ်ပိုင်
|
၅ .၃၆ မှ ၇ .၂၇
|
၁၆၀ .၉၄ မှ ၂၁၈ .၂၂
|
၇
|
မလေးရှား
|
၈ .၆၆ မှ ၁၇ .၆၇
|
၂၅၉ .၇၉ မှ ၅၃၀ .၂၅
|
၈
|
ထိုင်ဝမ်
|
- မှ ၁၉ .၂၇
|
- မှ ၅၇၈ .၂၂
|
၉
|
တောင်ကိုရီးယား
|
မှ ၂၈ .၆၇
|
- မှ ၈၆၀ .၁၂
|
၁၀
|
စင်ကာပူ
|
၂၀ .၅၆ မှ ၆၁ .၆၈
|
၆၁၆ .၇၆ မှ ၁၈၅၀ .၂၈
|
၁၁
|
ဂျပန်
|
၆၁ .၂၆ မှ ၇၇ .၀၄
|
၁၈၃၇ .၈၇ မှ ၂၃၁၁ .၂၂
|
၁၂
|
နယူးဇီလန်
|
၆၀ .၈၃ မှ ၇၆ .၀၄
|
၁၈၂၄ .၉၆ မှ ၂၂၈၁ .၂၀
|
၁၃
|
ၾသစေၾတးလ်
|
- မွ ၁၂၁ .၅၂
|
- မွ ၃၆၄၅ .၅၇
|
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။