ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အားရှုံးနိမ့်ခဲ့သော်လည်း ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာစိုးမင်းသည် ကော့မှူးမြို့နယ်နှင့်အနီးအနားရှိကျေးရွာများတွင်

စာကြည့်တိုက်များနှင့်စာဖတ်အသင်းများဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိကြာင်း သိရသည်။
“ကျွန်တော့် ကိုယ်ပိုင်စီးပွားရေးကရတဲ့ဝင်ငွေနဲ့ဖွင့်သွားမှာပါ။ အခုလောလောဆယ်တော့ ကော့မှူးမြို့ပေါ်မှာ ဖွင့်သွားမယ်။ ပြီးရင် ကျေးရွာတွေမှာ ဆေးကုရင်းနဲ့ဖွင့်သွားဖို့ရှိတယ်” ဟု ဒေါက်တာစိုးမင်းက ပြောသည်။
အဆိုပါဒေသတွင် ကျေးရွာ (၆၀) ကျော်ရှိပြီး လက်ရှိတွင် ကော့မှူးမြို့နယ်ရှိ ဖြိုးစေတနာ ဆေးခန်းနှင့် တွဲဖက်၍ စာကြည့်တိုက်အား မေလပိုင်းတွင်စတင်ဖွင့်လစ်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။
ဒေသခံများအနေဖြင့် စာဖတ်အားနည်းခြင်း၊ လူငယ်များအနေဖြင့် စာဖတ်ခြင်းဖြင့် ဗဟုသုတ ပိုမိုကြွယ်ဝစေရန်၊
အဆိုပါဒေသတွင် ပညာတက်များစွာပေါ်ထွက်လာနိုင်ရန် ရည်ရွယ်၍ စာကြည့်တိုက်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။
“အခုလို ဒေသဖွံ့ဖြိုးဖို့အတွက် လုပ်ပေးတာအားရပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ဒေသ၊ ကိုယ့်နေရပ်လို၊ ကိုယ့် မိသားစုဝင်တွေလိုသဘောထားပြီးတိုးတက်အောင်လုပ်ပေးတာ ကောင်းပါတယ်” ဟု ဒေသခံတစ်ဦးမှ ၄င်၏ အမြင်ကို ပြောဆိုခဲ့သည်။
ကော့မှူးမြို့ပေါ်တွင်ဖွင့်လစ်မည် စာကြည်တိုက်တွင် မိမိကိုယ်ပိုင် စာအုပ်များဖြင့် စတင်ဖွင့်လစ်ရန်စီစဉ် ထားကြောင်း၊ စာဖတ်အသင်းအားဦးစွာပါတီဝင်များဖြင့် ဖွဲ့စည်းပြီးနောက် ဒေသခံကျောင်းနေရွယ်ကလေးများ ဖြင့် စာဖတ်အသင်းများ ဖွဲ့စည်းနိုင်ရန် စီစဉ်ထားကြောင်း ဒေါက်တာစိုးမင်းက မြစ်မခမီဒီယာသို့ ပြောဆိုသည်။
ဧပြီလ(၁) ရက်နေ့၌ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒေါက်တာစိုးမင်းနှင့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီတို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။