စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တွင် ဧပြီလ ၁၅ ရက်နေ့က သရဲ၊ဖုတ်ကောင်လမ်းလျှောက်ပွဲနေ့ (Zombie Pride Day) ကို ကျင်းပပြုလုပ်ခဲ့သည်။
ယင်းပွဲတော်သည် အမေရိကန်ဒါရိုက်တာ George A. Romero ကိုဂုဏ်ပြုသည့် ပွဲဖြစ်သည်။
George A. Romero
ရိုက်ကူးခဲ့သော ၁၉၆၈ ခုနှစ် က သွေးစုပ်ဖုတ်ကောင် ရုပ်ရှင် Night of the
Living Dead သည် Zombie ရုပ်ရှင်လောကတွင် မှတ်ကျောက်တင် ရလောက်အောင်
အောင်မြင်ခဲ့ပြီး ဒါရိုက်တာ Romero ကို တစ္ဆေသရဲများ၏ ဘုရားသခင် (Godfather
of all Zombies) ဟုပင် အမည်ခေါ်တွင်စေခဲ့ကြောင်း သိရသည်။
Ref:news.cn

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။