နေပြည်တော်ဒေသတွင်း
ချထားပေးသည့် ကျပ် ၂ သိန်းတန် GSM မိုဘိုင်းဖုန်းများအား
လက်ငင်းဝယ်ယူလျှောက် ထားမူထက် အရစ်ကျငွေပေးချေမှုဖြင့်လျှောက်ထားသုံးစွဲသူ
ပိုမိုများပြားကြောင်းဒေသခံ မိုဘိုင်းဖုန်း အရောင်း ဆိုင်များက သိရှိရသည်။

“လက်ငင်း
(၂သိန်း)နဲ့က တစ်နေ့ကို သုံးလေးဦးလောက်ပဲရောင်းရတယ်။ အရစ်ကျက ၁၀ဦး ၁၅
ဦးလောက် ရောင်းရတယ်။ လက်ငင်းကျတော့ ဒီဈေးနူန်းကျပ် ၂ သိန်း ဆိုတာကလည်း
မနဲတော့ သိပ်မယူနိုင်သေးကျဘူး”ဟု နေပြည်တော်၊ ပေါင်းလောင်း ရှိ
မိုဘိုင်းဖုန်းရောင်းဆိုင် (Dr.G) အရောင်းဝန်ထမ်းက ပြောသည်။
အရစ်ကျငွေပေးချေဝယ်ယူသုံးစွဲရာတွင် လျှေက်ထားစဉ်လ၌ ငွေ ကျပ် (၇)သောင်း ပေးသွင်းရပြီး တစ်လလျှင် ၄သောင်းနှုန်းဖြင့် (၄)လ ထပ်မံပေးသွင်းရကြောင်းနှင့် အချို့ မိုဘိုင်းဖုန်းဆိုင်များတွင် တစ်လလျှင် ကျပ် ၃ သောင်း ၅ထောင်ပေးသွင်းရကြောင်း သိရသည်။
တန်ဖိုးနည်းအရစ်ကျရောင်းချပေးသည့်
မိုဘိုင်းဖုန်းအရောင်းဆိုင်များသည် အရစ်ကျဝယ်ယူသူများထံမှ
မှတ်ပုံတင်မူရင်းနှင့်အတူ အရောင်းအ၀ယ်စာချုပ်အား
သတ်မှတ်ငွေကြေးပြည့်မှသာထုတ်ပေးပြီး ဖုန်းဆင်ကဒ် ထုတ်ပေးကြောင်း သိရသည်။
“ကျွန်မတို့
ဒီလိုရောင်းတာက အခက်အခဲပြသာနာတွေတော့ရှိနိုင်ပါတယ်။ ဒါပေမယ့်
တကယ်တန်းကြုံလာပြီး ဆိုရင်တော့ ဆက်သွယ်ရေးကို ဖုန်းလိုင်းပြန်လျှောက်တာတို့
ပြန်ထုတ်ယူရမှာတို့တော့ဖြစ်လာနိုင်တယ်” နေပြည်တော်၊ ပျဉ်းမနားမှ
တန်ဖိုးနည်းအရစ်ကျဖုန်းဆင်ကဒ်အား အရစ်ကျရောင်းချနေသူ (ပွဲစား) မခင်မျိုး
ကပြောသည်။
အဆိုပါမိုဘိုင်းဖုန်းများကို
နေပြည်တော်တွင် မတ်လ ၂၈ ရက်နေ့တွင်ချထားပေးသွားမည်ဟု နိုင်ငံပိုင်သတင်းစာ
တွင်ဖော်ပြထားသော်လည်း ချထားပေးမည့် ရက်သတ္တပတ်အလိုတွင်ပင်ဈေးကွက်တွင်း၌ အရောင်းအ၀ယ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့လို
လက်ငင်းမတက်နိုင်သေးတဲ့ သူတွေအတွက် ကတော့
အခုလိုတန်းဖိုးနည်းဖုန်းတွေအရစ်ကျ ရောင်းပေးတဲ့ဆိုင်တွေရှိတာ ကောင်းပါတယ်။
ဆက်သွယ်ရေးကလည်း ဒီထက်သက်သာတဲ့ဈေးနူန်း လေးနဲ့
ချထားပေးမယ်ဆိုရင်ပိုကောင်းတယ်”ဟု ဘောဂသီရိရပ်ကွက်မှ
နေပြည်တော်တန်းဖိုးနည်း GSM ၀ယ်ယူသုံးစွဲ သူ ကိုသူရထွန်း ကပြောသည်။
အဆိုပါ
GSM မိုဘိုင်းဖုန်းများကို မှတ်ပုံတင်မိတ္တူ၊ ဓာတ်ပုံ သုံးပုံဖြင့်
နီးစပ်ရာ မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင် ၀ယ်ယူအသုံးပြုနိုင်ပြီး
လက်ငင်းဝယ်ယူအသုံးပြုရာတွင် ကျပ် နှစ်သိန်း ငါးထောင်နှုန်းဖြင့် ဖြင့်
ဝယ်ယူအသုံးပြုနိုင်ကြောင်း သိရသည်။
လက်ရှိချထားပေးသော
တန်ဖိုးနည်း (ကျပ် နှစ်သိန်း) GSM ဖုန်းများဆက်သွယ်ပြောဆိုရာတွင်
ကြိုးဖုန်များဖြင့် ဆက်သွယ်ပြောဆို၍ မရကြောင်း၊ မိုဘိုင်းဖုန်း (၀၉.....)
အချင်းချင်းသာခေါ်ဆိုနိုင်ကြောင်း၊ ဆက်သွယ်ပြော ဆိုရင်းဖြင့်လည်း
ဖုန်းလိုင်းကျခြင်း၊ စောင့်ဆိုင်းရခြင်းစသော
ပြသာနာများဖြစ်ပေါ်လျက်ရှိကြောင်း နေပြည်တော် ဒေသတွင်းရှိ ကျပ် နှစ်သိန်း
GSM ဖုန်းဝယ်ယူသုံးစွဲသူများထံက သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။