Thursday, April 19, 2012

တားမြစ်ထားသော်လည်း သင်္ကြန်တွင် အရက်ဘီယာဈေးကွက် အထမြောက်ခဲ့


ရန်ကုန်၊ ဧပြီ ၁၅
ရေကစားမဏ္ဍပ်များအနီး အရက်ဘီယာရောင်းချမှုများကို ရုပ်သံမီဒီယာများမှတစ်ဆင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရက
တားမြစ်ထားသော်လည်း ရောင်းချမှုများ ရှိခဲ့ သည်။ အဆိုပါပစ္စည်းများကို ရေသန့်အအေး နှင့်ရော၍လည်းကောင်း၊ သီးသန့်လည်းကောင်း ရောင်းချနေသည့်အပြင် ကားများဖြင့်လှည့်လည် ရောင်းချခဲ့သည်။

”တားမြစ်ထားတယ် ဆိုပေမယ့် ရောင်းလို့ရပါတယ်။ ဈေးကောက် လာကောက်တာတော့ ရှိတယ်”ဟု ကန်တော်ကြီးပတ်လမ်းတွင် ဘီယာရောင်းချသူ တစ်ဦးက ပြော သည်။
အရက်ဘီယာ ရောင်းချသူများသည် ဈေးကောက်လာကောက်သူများကို အခြားပစ္စည်းများထက် နှစ်ဆခန့်ပိုပေးခဲ့ရကြောင်း ဈေးရောင်းချသူများထံမှ သိရသည်။
နှစ်စဉ်နှစ်တိုင်း သင်္ကြန်ကာလတွင် အရက်ဘီယာရောင်းချမှုကို တားမြစ်ထားသော်လည်း ရောင်းချမှုများမှာ ရှိနေဆဲဖြစ်ပြီး သင်္ကြန်ကာလ၏ အရောင်းရဆုံး ကုန်ပစ္စည်း တစ်ခုလည်းဖြစ်သည်။ ထို့အပြင် မဏ္ဍပ်များတွင် အရက်ဘီယာနှင့် ပတ်သက်သော ကြော်ငြာပိုစတာများ ကပ်ခြင်းကို တားမြစ်ထားသော်လည်း အများဆုံးတွေ့ရှိ ခဲ့ရ သည်။
ကြည်ငြိမ်းသော် (ပေါ်ပြူလာဂျာနယ်)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။