Thursday, April 19, 2012

ဂျပန်အစိုးရက မြန်မာနိုင်ငံအပေါ်တင်ရှိနေတဲ့ အကြွေးယန်းငွေ ဘီလျံ ၃၀၀ ကို ပယ်ဖျက်ပေးမည်

ဂျပန်အစိုးရက မြန်မာနိုင်ငံအပေါ်တင်ရှိနေတဲ့ အကြွေးယန်းငွေ ဘီလျံ ၃၀၀ ကို ပယ်ဖျက်ပေးမဲ့အကြောင်း
ဧပရယ်လ ၁၉ ရက်ထုတ် Asahi Shimbun သတင်းစာမှာ ရေးသားထားပါတယ်။ အဲဒီငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၇ ဘီလျံနဲ့ ညီမျှပါတယ်။

ဒီကိစ္စကို လာမဲ့စနေနေ့ တိုကျိုမှာ မြန်မာသမ္မတ ဥိးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda တို့ တွေ့ဆုံတဲ့အခါ တရားဝင် ကြေငြာမယ်လို့ သိရပါတယ်။ အကြွေးတွေလျှော့ပေးပြီးတဲ့နောက်

မှာ ဂျပန်အစိုးရရဲ့ အကူအညီပေးရေး အစီအစဉ်တွေကို ပြန်စမဲ့အကြောင်း လည်း Asahi Shimbun သတင်းမှာ ရေးသားထားပါတယ်။
ဒီဗွီဘီ

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။