ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့နဲ့ အနီးပတ်ဝန်းကျင်က သက်ကြီးရွယ်အို
၇၀၀ ကို မယ်တော်ဆေးခန်းက ဒေါက်တာ စင်သီယာမောင်နဲ့အတူ ရွေ့ပြောင်း
အလုပ်သမားအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက သက်ကြီးပူဇော်
ကန်တော့ပွဲတရပ်ကို
မနေ့က ကျင်းပခဲ့ပါတယ်။
ထိုင်း မြန်မာနယ်စပ် မယ်တော်ဆေးခန်းမှ ဒေါက်တာစင်သီယာမောင် ဖြစ်ပါသည်။
မြန်မာနှစ်ဆန်းတစ်ရက်မှာ ကောင်းမှုကုသိုလ် လုပ်ရတဲ့အကြောင်းနဲ့
တိုင်းပြည် ငြိမ်းချမ်းရေး ရစေချင်တဲ့အကြောင်းတွေကို ဒေါက်တာ စင်သီယာမောင်က
အဲဒီသက်ကြီးပူဇော်ပွဲမှာ ပြောခဲ့ပါတယ်။
မြန်မာနှစ်ဆန်း တစ်ရက်နေ့ ရောက်တိုင်း ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းမှာ သက်ကြီးပူဇော်ပွဲ ကျင်းပလာတာ ၁၂ ကြိမ် ရှိပြီ ဖြစ်ပါတယ်။
တစ်နှစ်ထက် တစ်နှစ် သက်ကြီးရွယ်အို အရေအတွက် ပိုများလာတယ်လို့လည်း သိရပါတယ်။ အခုနှစ်အတွက် သက်ကြီးရွယ်အို ၇၀၀ ကို ဖိတ်ကြားခဲ့ပေမယ့် ၆၀၀ ဝန်းကျင်သာ ကန်တော့ပွဲကို တက်နိုင်ခဲ့တာပါ။ ကျန်သက်ကြီးရွယ်အိုတွေကိုတော့ အိမ်တိုင်ယာရောက် သွားရောက် ကန်တော့ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။