မကွေးတိုင်း ကံမမြို့ နယ်မှာ သင်္ကြန်ရက်ပိုင်းအတွင်း
ဖြစ်ပွားခဲ့တာတွေဟာ ဘာသာရေးနဲ့ လူမျိုးရေးအဓိကရုဏ်းမဟုတ်ဘဲ အခုအခါ
ပြန်လည်အေးချမ်းနေပြီလို့ ဒီအခင်းဖြစ်ပွားမှုကို
ထိန်းသိမ်းပေးရာမှာ ပါဝင်ခဲ့တဲ့ ကံမြမို့
ဓမ္ဓမိကာရုံကျောင်းတိုက်နေ ဦးပဉ္ဇင်း ဦးဇာဂရက မိန့်ကြားပါတယ်။
|
ကံမမြို့ နယ်မှာ ၂ ရာခိုင်နှုန်းခန့်သာရှိတဲ့ မွတ်စလင်ဘာသာဝင်တွေနဲ့
ကျန်ဘာသာဝင်တွေဟာ အစဉ်အဆက် အေးအတူပူအမျှနေထိုင်ခဲ့တဲ့အကြောင်းနဲ့
အခုဖြစ်ရပ်မှာ အပျက်အစီးတချို့  ရှိခဲ့တာ မှန်ပေမယ့် သက်ဆိုင်ရာ
အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ ဘုန်းတော်ကြီးတွေရဲ့
ဝင်ရောက်ဖျန်ဖြေမှုကြောင့် အခြေအနေ အေးဆေးငြိမ်သက်သွားပြီလို့
ဦးပဉ္ဇင်း ဦးဇာဂရက မိန့်ကြားသွားပါတယ်။
ဒီလ ၁၃ ရက်နေ့ညက မြန်မာလူမျိုးတဦးနဲ့ အိန္ဒိယနွယ်ဖွားတဦး
အချင်းများရာက စီးပွားရေးဆိုင်တချို့ ဖျက်ဆီးခံခဲ့ရတဲ့ သတင်းဟာ
ဘာသာရေးအဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်းလိုလို
ပံျ့နှံ့ခဲ့ပါတယ်။
ဒီနောက်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတွင်း
နေထိုင်ကြသူအချင်းချင်း သည်းခံကြဖို့၊ မဖြစ်ကြတော့ဖို့ မေတ္တာရပ်ခံ
ပန်ကြားခဲ့ပါတယ်။
စောင့်ကြည့်ထိန်းသိမ်းနေတဲ့ ကံမမြို့ ခံ လူရွယ်တဦးကလည်း အဓိကရုဏ်း မဟုတ်ဘဲ လူအုပ်ဟာ
ကံမမြို့ က အိန္ဒိယနွယ်ဖွား အနည်းငယ်ရဲ့ ဆိုင်တချို့ ကိုသာ ရွေးပြီး
ဖျက်ဆီးခဲ့တာဖြစ်ပြီး ဘုန်းတော်ကြီးတွေနဲ့ သက်ဆိုင်ရာ
အာဏာပိုင်တွေရဲ့ ထိန်းသိမ်းမှုကြောင့် ပြန်လည်
အေးချမ်းစပြုနေပါပြီလို့ ပြောပါတယ်။
ဒီလိုအဖြစ်အပျက်နဲ့ ပတ်သက်လို့ မန္တလေးမြို့  မစိုးရိမ်တိုက်သစ်က
ဆရာတော် ဦးဝီရသူက ဒီလိုအခင်းတွေနဲ့ ပတ်သက်လို့ အကျယ်အကျယ်
မဖြစ်ရအောင် သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေ အချင်းချင်း
တွေ့ဆုံခွင့်ပေးပြီး ညှိနှိုင်းလုပ်ဆောင်ဖို့ တိုက်တွန်း
မိန့်ကြားပါတယ်။
ဒီဗွီဘီ
 |
အခင်းဖြစ်ပွါးမှုကြောင့် အပျက်အစီးတချို့ မြင်တွေ့ ရပုံ (ဓါတ်ပုံ-Myanmar News Now) |
|
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။