မြန်မာနိုင်ငံရဲ့
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ကူညီတဲ့အနေနဲ့ ဂျပန်အစိုးရက
မြန်မာ လူငယ် အုပ်ချုပ်ရေး ၀န်ထမ်းတွေကို ဂျပန်နိုင်ငံမှာ လာရောက်လေ့လာ
ဆည်းပူးဖို့အတွက် ယန်းငွေ သန်း (၂၀၀)
ထောက်ပံ့မယ်လို့ ဆုံးဖြတ်လိုက်ကြောင်း ဂျပန်အစိုးရ သတင်းရပ်ကွက်ကို ကိုးကားပြီး ယူမီယူရီ ရှင်ဘွန်း သတင်းစာက ဖေါ်ပြလိုက်ပါတယ်။
AFP PHOTO /
TOSHIFUMI KITAMURA)
ဒီကနေ့ ဧပြီလ (၂၀) ရက်နေ့ သမ္မတ ဦးသိန်းစိန် တိုကျိုမြို့ကို ရောက်ရှိပြီး ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါ နဲ့ တွေ့ဆုံတဲ့အခါ ဒီအစီအစဉ် ကို ၀န်ကြီးချုပ်က ကြေညာမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ် အတွက် ဂျပန်အစိုးရက မြန်မာ လူငယ် အုပ်ချုပ်ရေးဝန်ထမ်း (၂၀) ကို လက်ခံမှာဖြစ်ပါတယ်။ မြန်မာလူငယ်တွေအနေနဲ့ ဂျပန်
တက္ကသိုလ်တွေမှာ ဥပဒေ၊ အုပ်ချုပ်ပုံနည်းစနစ်၊ မူဝါဒချမှတ်ပုံ စတာတွေ အပြင် ဘဏ္ဍာရေး၊ စက်မှုလုပ်ငန်း နဲ့ စိုက်ပျိုးရေးကဏ္ဍတွေ ဖွဲ့ဖြိုး တိုးတက်မှု ဆိုင်ရာဘာသာရပ်တွေကို လေ့လာဆည်းပူး
နိုင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရက ဒီမိုကရေစီ၊ ဈေးကွက်စီးပွားရေး အခြေခံတွေ နဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးတွေ စတင် ဆောင်ရွက်နေပေမဲ့ ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေ မရှိသလောက် ရှားပါးနေတယ်လို့ ယူမီယူရီ ရှင်ဘွန်း သတင်းစာက ရေးသားပါတယ်။
(ဓာတ်ပုံ- ဂျပန်-မြန်မာ ဆက်ဆံရေး -၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိ ချီးရိုး ဂင်းဘာ Koichiro Gemba က ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ရိပ်သာတွင် လက်ခံတွေ့ဆုံစဉ်။

RFA
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။